Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက် ‌ဒေသခံ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅ဝဝ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်မှုကြောင့် ‌ဒေသခံ (၁) ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။ 

ယမန်နေ့ ဩဂုတ်လ (၂၇) ရက် ည (၁၁း၃၀) အချိန်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့်  ပေါင် ၅ဝဝ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့အမှတ် (၉)ရပ်ကွက် အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ‌ထိုရပ်ကွက်နေ အသက် (၅၄) နှစ်အရွယ် မိုင်းအ‌ညော် ဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ကာ အသက် (၃၅)နှစ်အရွယ် ကိုငယ်လေ နှင့် အသက် (၅၀)အရွယ် ကိုနောင် ဆိုသူ (၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 

ထို့အပြင် ကျောက်မဲ အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း နှင့် ဒေသခံ နေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့ ‌ နံနက်(၁း၃၀)အချိန်တွင်လည်း သီပေါမြို့အတွင်းသို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး (၅၀) ကျော်လာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၂) ဦးသေဆုံးခဲ့ကာ (၂)ဦးဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များထိမှန်ပျက်စီး ခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်စီက သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဆန်မြို့များရှိ  ပြည်သူများအား ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံဗုံးကျဲချမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ကြောင်း TNLAမှထုတ်ပြန်သည်။

Bagan News

Comments