Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မူးမြို့နယ်တွင် ဦးဇင်း ၁ ပါး ပျံလွန်တော်မှု

 ပဲခူးတိုင်း၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း) မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဦးဇင်း (၁) ပါး ပျံလွန် တော်မှုခဲ့ပြီး ကိုရင် (၁) ပါး၊ ကျောင်းသား ကျောင်းသူ (၅) ဦးနှင့် ပြည်သူ (၁) ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကာ ဘုန်းကြီးကျောင်း (၁) ကျောင်းထိခိုက်ပျက်စီးခဲ့ ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။


၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၇) ရက်နေ့ ညနေ (၄း၂၀) အချိန်တွင် စစ်ကောင်စီ တပ် ခမရ−၄၃၉ တပ်ရင်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် အိမ်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဦးဥက္ကံသ မှာ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မြို့ပေါ်သို့ ဆေးကုသခံယူစဉ်ပျံလွန်တော်ခဲ့ကြောင်းသိရသည်။


အလားတူ ကိုရင် ရှင်ပုည မှာ ဝမ်းဗိုက်တွင်ဒဏ်ရာရှိခဲ့ပြီး ရွာသားတဦး မှာ ဝမ်းဗိုက်တွင် ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့ နံနက် (၉း၅၅) မိနစ်အချိန်၌လည်း စစ်ကောင်စီ တပ် ခမရ−၅၉၉ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံးကို ကျွန်းတောကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့ရာ ကျေးရွာစာသင်ကျာင်းဝိုင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ကျောင်းသူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မူးမြို့နယ် တွင်၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၇) ရက်၊ (၁၈) ရက်နှင့် (၁၉) ရက်နေ့များ၌ ဖြူးမြို့အရှေ့ လိပ်ပေါက်ကျေးရွာ အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်များနှင့် စစ်ကောင်စီတပ်များတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ခမရ−၄၃၉ တပ်ရင်းမှ ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်းအနောက်ကျေးရွာ၊ ကုန်းအင်း အရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ ၊ဆင်တဲကုန်းကျေးရွာနှင့်သပြေခင်ကျေးရွာ များထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာခံများ ဘေလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။


ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ။


Bagan News

Comments