Skip to main content

Latest News

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။   အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။  ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။  အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။  အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မူးမြို့နယ်တွင် ဦးဇင်း ၁ ပါး ပျံလွန်တော်မှု

 ပဲခူးတိုင်း၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း) မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဦးဇင်း (၁) ပါး ပျံလွန် တော်မှုခဲ့ပြီး ကိုရင် (၁) ပါး၊ ကျောင်းသား ကျောင်းသူ (၅) ဦးနှင့် ပြည်သူ (၁) ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကာ ဘုန်းကြီးကျောင်း (၁) ကျောင်းထိခိုက်ပျက်စီးခဲ့ ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။


၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၇) ရက်နေ့ ညနေ (၄း၂၀) အချိန်တွင် စစ်ကောင်စီ တပ် ခမရ−၄၃၉ တပ်ရင်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် အိမ်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဦးဥက္ကံသ မှာ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မြို့ပေါ်သို့ ဆေးကုသခံယူစဉ်ပျံလွန်တော်ခဲ့ကြောင်းသိရသည်။


အလားတူ ကိုရင် ရှင်ပုည မှာ ဝမ်းဗိုက်တွင်ဒဏ်ရာရှိခဲ့ပြီး ရွာသားတဦး မှာ ဝမ်းဗိုက်တွင် ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့ နံနက် (၉း၅၅) မိနစ်အချိန်၌လည်း စစ်ကောင်စီ တပ် ခမရ−၅၉၉ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံးကို ကျွန်းတောကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့ရာ ကျေးရွာစာသင်ကျာင်းဝိုင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ကျောင်းသူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မူးမြို့နယ် တွင်၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၇) ရက်၊ (၁၈) ရက်နှင့် (၁၉) ရက်နေ့များ၌ ဖြူးမြို့အရှေ့ လိပ်ပေါက်ကျေးရွာ အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်များနှင့် စစ်ကောင်စီတပ်များတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ခမရ−၄၃၉ တပ်ရင်းမှ ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်းအနောက်ကျေးရွာ၊ ကုန်းအင်း အရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ ၊ဆင်တဲကုန်းကျေးရွာနှင့်သပြေခင်ကျေးရွာ များထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာခံများ ဘေလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။


ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ။


Bagan News

Comments