Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျောက်မဲမြို့ အား စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကျဲ နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှထုတ်ပြန်သည်။

ယမန်နေ့ သြဂုတ်လ ၂၉ ရက် ည (၁၁)နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်မှ  ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့နယ်၊ ရပ်ကွက်(၁)ရှိ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးအနီးတွင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကျဲချမှုကြောင့် ရပ်ကွက်(၁)ရှိ (ဒေသအခေါ် )ပင်ပေါလေးနှင့် အုတ်ကျင်းအတွင်းရှိ ဒေသခံနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။


အလားတူ သြဂုတ်လ(၂၇)ရက်၊ ညပိုင်း(၁၁)နာရီခွဲအချိန်တွင်လည်း ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ထိုရပ်ကွက်ရှိ ဒေသခံအမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ နေထိုင်ရာသို့ ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိကြောင်း TNLA ကထုတ်ပြန်သည်။ 

အလားတူ နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်းတွင်  TNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

တောင်ခမ်းရွာ စစ်ကောင်စီ (၉၀၂) တပ်စခန်းတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ်၊  Y12 ယာဉ် ဖြင့် လက်နက်ခဲယမ်းများ (၈၅)ထုတ် လာရောက်ကျဲချခဲ့ကြောင်း သိရသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က နှင့်လည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA ကယနေ့ထုတ်ပြန်သည်။ 

Bagan News

Comments