Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

ရခိုင် အမ်းမြို့ ဦးတည်သည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံး

ရခိုင်ပြည်နယ် အမ်းမြို့ ဦးတည်ကာ စစ်ကြောင်းထိုးလာသည့် ပဒါန်း အခြေစိုက် အမြှောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မစခ-၉ဝ၅)မှ ထွက်လာသော အင်အား (၆ဝ) ခန့်ပါ စစ်ကောင်စီ ဖောကား (၂) စီးကို ယနေ့ သြဂုတ်လ ၂၉ ရက်တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးနိုင်ကြောင်း လူထု တော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ ထုတ်ပြန်သည်။ 

ဌင်းစစ်ကောင်စီ ဖောကား (၂) စီးကို ပဒါန်း-အမ်းလမ်းပိုင်း၊ စပ်စီရွာအထက် မီတာ ၂ဝဝဝ ခန့် အကွာတွင်  PRA-Magway မှ အသင့်စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၂၅) မိနစ်ခန့်ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတပ်သည် ထိတွေ့မှုအတွင်း သေဆုံးဒဏ်ရာရသော စစ်ကောင်စီတပ်သားများအား ဖောကားဖြင့် သယ်ဆောင်၍ ပဒါန်းဘက်သို့ဆင်းလာရာ စပ်စီရွာ၏အထက်ဘက် မီတာ (၁ဝဝဝဝ) ခန့်အကွာသို့ အရောက် တွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါတိုက်ပွဲများအတွင်း ကပစ (၁၄) မှ ဗိုလ်ကြီးမျိုးကျော်သူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးခန့် ထိခိုက် သေဆုံးသည်ဟု မြေပြင်သတင်းများအရ သိရသည်။ 

ဗိုလ်ကြီးမျိုးကျော်သူသည် ငဖဲမြို့ရှိ စစ်မှုထမ်းကိစ္စများနှင့်ပတ်သက် ၍ တာဝန်ယူထားသူဖြစ်ကြောင်း၊ PRA (Magway) သည် ပဒါန်း - အမ်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေးများဖော်ဆောင်လျက်ရှိပြီး ဩဂုတ်လ (၉) ရက်နေ့၊ တွင်လည်း ငဖဲမြို့နယ်၊ စွန်ပျော်ရွာအတွင်း မဟာမိတ် ပူးပေါင်းစစ်ကြောင်း နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံးခဲ့ကြောင်းသိရသည်။ 

ထို့ပြင် ဩဂုတ်လ (၁၁) ရက်နေ့ တွင်လည်း PRA (Magway) ထုတ် 60mm Rocket/ MH-60R (၁၀) လုံးဖြင့် စစ်ကောင်စီ၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းသို့ တိုက်ခိုက်ခဲ့ကြောင်း၊ PRA (Magway) သည် မင်းဘူးခရိုင်အတွင်း အခြေပြုလှုပ်ရှားနေပြီး နိုင်ငံနှင့်အဝှမ်း စစ်နယ်ဝန်းကျယ်ပြန့်လာမှု နှင့် အတူ တပြေးညီ အကောင်အထည်ဖော်နိုင်ရန် တိုက်ပွဲဝင်လျှက်ရှိကြောင်းထုတ်ပြန်သည်။

-Bagan News

Comments