Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သာယာဝတီထောင်ပိုင်နှင့် ထောင်မှူးများက အာဏာ အလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစား မှုများပြုလုပ်နေ

ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် ထောင်ပိုင်အပါအဝင် ထောင်အဆောင်မှူးများက အာဏာအလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားမှုများပြုလုပ်နေကြကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ သိရသည်။

သာယာဝတီထောင်ပိုင် ရဲရင့်နိုင် နှင့် ထောင်အဆောင်မှူးများသည် အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူခြင်းများ၊ထောင်တွင်းစီးပွားရေးလုပ်ငန်းများ အလွန်အကျွံသောင်းကြမ်း၍ အာဏာအလွဲသုံးစားလုပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။


သာယာဝတီထောင် ထောင်ပိုင် ရဲရင့်နိုင်မှာ ထောင်အတွင်းရောင်းသည့်ကွမ်းယာများကို တစ်ခန်းလျှင် အထုပ် ၃၀ နူန်းဖြင့် မယူမနေရရောင်းပြီး ကွမ်းယာထုတ်များမကုန်လျှင် အာဏာအလွဲသုံးစားလုပ်ကာ အပြစ်ပေးလေ့ရှိကြောင်းသိရသည်။

သက်ဆိုင်ရာအခန်းများအလိုက်ခွဲတမ်းဖြင့် မကုန်မချင်းရောင်းရသောကွမ်းယာများ မကုန်လျှင် အပြင်ကွမ်း(ဝန်ထမ်းများမှ သယ်လာသောကွမ်းယာ) များကို စားလျှင် တိုက်ပိတ်ခြင်း၊ ခြေကျင်းခတ်ခြင်းများ ပြုလုပ် အပြစ်ပေးခံရကြောင်း၊

ထောင်ပိုင် ရဲရင့်နိုင် သည် ကွမ်းယာအပြင် ထောင်ဝင်စာပစ္စည်းများပို့ခြင်းကို ကန့်သတ်ထားပြီး ထောင်ပိုင်မှရောင်းချသော ဟင်းများကိုလည်း မဝယ်မနေရသဘောမျိုးဖြင့်ရောင်းချလေ့ရှိကြောင်းသိရသည်။

အစားအသောက်ကျပ်တည်းပြီး ရှားပါးသော သာယာဝတီထောင်တွင် အကျဉ်းသားများအနေဖြင့် ထိုဟင်းများကို ဈေးနူန်းကြီးမြင့်စွာ ဝယ်ယူစားသောက်နေရကြောင်း PPNM ကထုတ်ပြန်သည်။

၎င်းအပြင် သာယာဝတီထောင်ရှိ အမျိုးသားအဆောင်(၂)အဆောင်မှူး ကျော်ဇင်လတ် သည် အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကောက်ယူလျက်ရှိကြောင်း၊ အဆိုပါ ၂ ပွင့်အဆင့်ရှိ အဆောင်မှူး ကျော်ဇင်လတ်သည် လွန်ခဲ့သော ၂၀၂၄ ခုနှစ်၊ မေလတွင် သူသင်တန်းတက်မည်ဖြစ်၍အကျဉ်းသားများထံမှ တစ်ခန်းလျှင် ငါးသောင်းနူန်းဖြင့် ငွေကြေးကောက်ယူခဲ့ကြောင်း PPMN မှသိရသည်။

ကျော်ဇင်လတ် သည် သင်တန်းမှပြန်လည် ရောက်ရှိလာသောအခါတွင်လည်း ထောင်အတွင်း အကျဉ်းသားများအား ထောင်မှခိုင်းသည့်အလုပ် မလုပ်လိုလျင် ၎င်းထံသို့ တစ်ဦးလျှင် ငွေ တစ်သိန်းခွဲပေးရကြောင်း၊အဆိုပါတစ်သိန်းခွဲသည် ထောင်သို့ အဆောင်မှူးတစ်ယောက်ပြောင်းတိုင်း တစ်ခါပေးရခြင်း ဖြစ်ကြောင်း  သိရသည်။

ထို့အပြင် အကျဉ်းထောင်မှ အကျဉ်းသားများအား သော့ခတ်ရန် သော့ခလောက် သံချေးများတက်နေလျှင်လည်း ထောင်ပိုက်ဆံ မသုံးပဲ အကျဉ်းသားများအား အတင်းဝယ်ယူခိုင်းကြောင်းသိရသည်။ 

Bagan News

Comments