Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သီပေါမြို့တွင် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ဒေသခံ ၂ ဦးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကျဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။

ယနေ့ သြဂုတ်လ (၂၇)ရက်နေ့ နံနက် (၁:၂၀)မိနစ်မှ (၂)နာရီကျော်အချိန်ထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုများ အိပ်မောကျချိန်တွင် Y-12 လေယာဉ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကျဲချတိုက်ခိုက်ခဲ့ ကြောင်းသိရသည်။



ထို့အပြင် ဂျက်ဖိုက်တာဖြင့်လည်း(၂)ကြိမ် လာရောက်ပြီး ဗုံး(၄)လုံး ကျဲချတိုက်ခိုက်ခဲ့ကာ သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ  အသက် (၆၀)အရွယ် ဦးဖိုးလူနှင့် အသက်(၅၀)အရွယ် ဦးအောင်နိုင်တို (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့အတူ အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က(၃) စာသင်ကျောင်း(၁)ကျောင်း၊ အမှတ်(၃) အ.ထ.က စာသင်ကျောင်း (၁)ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့ ကြောင်းသိရသည်။

ဩဂုတ်လ (၁)ရက်နေ့မှ ယနေ့ သြဂုတ်လ (၂၇)ရက်နေ့ထိ သီပေါမြို့အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၁၀)ဦးအပါအဝင် (၅၉)နီးပါး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA မှထုတ်ပြန်သည်။

-Bagan News

Comments