Skip to main content

Latest News

ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ ကွယ်လွန်

စစ်ကောင်စီကခန့်အပ်ခဲ့ဖူးသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း စစ်ကော်မရှင်(စစ်ကောင်စီ) သတင်းထုတ်ပြန်ရေးအဖွဲ့ကယနေ့ ကြေညာသည်။  ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် (၁ဝဝဝ) ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဆင့်ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ကထုတ်ပြန်သည်။  ဦးမြင့်ဆွေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  ၂ဝဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့၌ သံဃာတော်များအား သွေးထွက်သံယိုဖြိုခွင်းခဲ့သူအဖြစ် နာမည်ဆိုးထွက်ခဲ့သည်။  စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ပါဝင်ခဲ့သည်။  ၂ဝ၂၄ ခုနှစ် ဇူလိူင်လ ၁၈  ရက်နေ့တွင် ယာယီ သမ္မတ ဦးမြင့်ဆွေသည် ခန္ဓာကိုယ် လှုပ်ရှားမရတော့၍ ဆေးကုသမှု ခံယူနေရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးမှ အနားပေးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နေ...

မြန်မာ့နိုင်ငံရေးပြဿနာများ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု NLD ပြော

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုမပါဝင်ဘဲ    ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ယနေ့ထုတ်ပြန်သည်။


Bagan News၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလ စတုတ္ထအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့် ကျင်းပခဲ့ပြီး ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည်။

အစည်းအဝေး တွင်မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့်လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်နှင့် စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်းသိရသည်။

Comments

Popular posts from this blog

စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၂၄ ဦးသေဆုံး (Podcast)

 အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  -မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ ရဲစခန်းနဲ့ ရွှေပန်တောကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း အရပ်သား ၂၄ ဦးသေဆုံး ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကထုတ်ပြန်ပါတယ်။  -ရှမ်းပြည်နယ် ၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၆)ဦးသေဆုံးပြီး (၇)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ပါတယ်။  Bagan News  အမျိုးသားညီညွတ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ ရဲစခန်းနဲ့ ရွှေပန်တောကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း အရပ်သား ၂၄ ဦးသေဆုံး ခဲ့တယ်လို့ ပြည...

စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်းကို ကရင်နီတပ်ပေါင်းစုံ ပစ်ချ (Podcast)

- စစ်ကောင်စီရဲ့ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို မနေ့က ဇူလိူင် ၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့  ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  - ကချင်ပြည်နယ်က အရပ်သား ၁၇ ဦးကို ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့  Kachin Human Rights Watch ကထုတ်ပြန်ပါတယ်။  - ပဲခူးမြို့မှာ လာမယ့် ၂၄ နာရီအတွင်း ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်နိုင်ပြီး ရေကြီးနိုင်တယ်လို့ မိုး၊ဇလဌာနက ထုတ်ပြန်ပါတယ်။ စသည့်သတင်းများကြည့်ရူနိုင်ပါသည်။  # Bagannews

မြန်မာနိုင်ငံမှာ မှတ်တမ်းတင်ခြင်းမရှိသေးတဲ့ မြွေဝံပုလွေ မျိုးစိတ်သစ်တွေ့ (PODCAST)