Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး ပူးတွဲအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော် ပြော

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ရရှိသည့်မြို့များတွင် ၂ဝ၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုTNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

၁ဝ၂၇  စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း TNLA က ထပ်မံသိမ်းပိုက်ခဲ့သည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စသည့်မြိုများအားTNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗဟို အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တိုအဖွဲ့မှ သြဂုတ်လ (၁၅)ရက်မှ (၁၈)ရက်နေ့အထိ (၄)ရက်ကြာ ခရီးစဉ် သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်၌ လူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ 


သြဂုတ်လ (၁၇) ရက်နေ့ တွင်မိုးကုတ်မြို့၌ ရပ်ကွက်ကျေးရွာ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ တဆက်တည်းမှာပင် သြဂုတ်လ (၁၈) ရက်နေ့၌ မိုးကုတ်မြိုနယ်မှ မိဘပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဗိုလ်ချုပ်တားဘုန်းကျော်က မိုးကုတ်မြို့နယ်၌ တနိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ 

ဗဟိုအထွေထွေအုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်ကလည်း မြို့တွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများနှင့် ပူးပေါင်းပါဝင်ကြရန် တွေ့ဆုံပွဲ၌ တက်ရောက်လာသည့် မြို့မိမြို့ဖများအား တိုက်တွန်းပြောဆိုခဲ့သည်။

လူထုတွေ့ဆုံပွဲအပြင် ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အဖွဲဝင်များက ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တွင်ရှိသည့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ဌာန အလိုက်တွေ့ဆုံကာ လုပ်ငန်းများအတွက် အကြံပြုချက်များ၊ လမ်းညွှန်မှုများအား တွေ့ဆုံ ညွှန်ကြား ခဲ့ကြောင်းသိရသည်။ 

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅)ရက်တွင် ပြန်လည်စတင်ခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် မြို့နယ်များကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

Bagan News

Comments