Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု TNLA သိမ်းပိုက် တိုက်ပွဲ ဆက်လက် ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်း (၂)ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ (၂၀၆)တို့ကို သြဂုတ်လ(၂၈)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှထုတ်ပြန်သည်။

ယနေ့ သြဂုတ်လ(၂၉)ရက်နေ့တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်း၊  ၃၄၅ တပ်စခန်းအနီးတဝိုက် နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင်  TNLA နှင့် စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ယနေ့ နံနက် (ရး၂၀) နာရီအချိန် တောင်ခမ်းကျေးရွာရှိ (၉၀၂) စစ်ကောင်စီတပ်၌ လည်းကောင်း၊ (၅း၄၀)နာရီအချိန်တွင် (၃၄၅) တပ်စခန်း စစ်ကောင်စီတပ်စခန်း၌လည်းကောင်း၊ (ရး၄၀) နာရီအချိန်တွင် မကျီးရေရွာတွင် စစ်ကောင်စီတပ်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA မှထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ စစ်ကောင်စီ (၉၀၂) တပ်စခန်းတွင် စစ်ကောင်စီတပ်မှ  Y12 ဖြင့် (၃)ကြိမ် ၊ ဗုံး (၁၅၀) လုံး၊  တောင်ရွှေရွာတွင် Jet Fighter ဖြင့် (၁)ကြိမ်နှင့် သကြားစက်ရုံတွင် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းTNLA မှထုတ်ပြန်သည်။

Bagan News

Comments