Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

 ရန်ကုန်မြို့တနေရာတွင်ယနေ့ နံနက်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)မှသိရသည်။ 

"ဒုက္ခတွေကို ငုံ့ခံမယ့်အစား အာဏာရှင်ကို တော်လှန်ကြမယ်" စာသားရေးဆွဲထားသည့် ဘန်နာအား ဂုံးတတားတခုပေါ်တွင် ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


အာဏာရှင်စနစ်၏ အကျိုးသက်ရောက်မှုအနေဖြင့် ကျွန်တော်တို့ ပြည်သူလူထုတိုင်းသည် အထွေထွေကြပ်တည်းမှုများဖြင့် ရင်ဆိုင်နေရသည်မှာ ကျွန်တော်တို့ မျက်လုံးဖြင့် တပ်အပ်မြင်ရမည် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူအနေဖြင့် ၎င်း ကြပ်တည်းမှု ဒုက္ခတိုင်းကို ဆက်လက်ငုံ့ခံနေမည်ဆိုလျှင် နောင်အချိန်ကာလတွင် ယခု ဖြစ်ပေါ်နေသော အခြေအနေများထပ် ဆိုးသည့်အခြေအနေများကို ပြည်သူလူထုကြီးအနေဖြင့် ကြုံတွေ့ရမည်မှာ မလွှဲမသွေပင် ဖြစ်ပါတယ် ဟုAJAY ကထုတ်ပြန်ပြောဆိုသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒုက္ခတွေကို ငုံခံမယ့်အစား ဒုက္ခကို ဖြစ်စေသည့် အာဏာရှင်စနစ်အား ရရာနည်းလမ်းမျိုးစုံဖြင့် တော်လှန်ပုန်ကန်ဖို့ လိုအပ်ကြောင်း တိုက်တွန်းသည့်အနေဖြင့် ရန်ကုန်လူငယ်များမှ လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း AJAY မှသိရသည်။ 

Bagan News

Comments