Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

 ရန်ကုန်မြို့တနေရာတွင်ယနေ့ နံနက်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)မှသိရသည်။ 

"ဒုက္ခတွေကို ငုံ့ခံမယ့်အစား အာဏာရှင်ကို တော်လှန်ကြမယ်" စာသားရေးဆွဲထားသည့် ဘန်နာအား ဂုံးတတားတခုပေါ်တွင် ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


အာဏာရှင်စနစ်၏ အကျိုးသက်ရောက်မှုအနေဖြင့် ကျွန်တော်တို့ ပြည်သူလူထုတိုင်းသည် အထွေထွေကြပ်တည်းမှုများဖြင့် ရင်ဆိုင်နေရသည်မှာ ကျွန်တော်တို့ မျက်လုံးဖြင့် တပ်အပ်မြင်ရမည် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူအနေဖြင့် ၎င်း ကြပ်တည်းမှု ဒုက္ခတိုင်းကို ဆက်လက်ငုံ့ခံနေမည်ဆိုလျှင် နောင်အချိန်ကာလတွင် ယခု ဖြစ်ပေါ်နေသော အခြေအနေများထပ် ဆိုးသည့်အခြေအနေများကို ပြည်သူလူထုကြီးအနေဖြင့် ကြုံတွေ့ရမည်မှာ မလွှဲမသွေပင် ဖြစ်ပါတယ် ဟုAJAY ကထုတ်ပြန်ပြောဆိုသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒုက္ခတွေကို ငုံခံမယ့်အစား ဒုက္ခကို ဖြစ်စေသည့် အာဏာရှင်စနစ်အား ရရာနည်းလမ်းမျိုးစုံဖြင့် တော်လှန်ပုန်ကန်ဖို့ လိုအပ်ကြောင်း တိုက်တွန်းသည့်အနေဖြင့် ရန်ကုန်လူငယ်များမှ လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း AJAY မှသိရသည်။ 

Bagan News

Comments