Skip to main content

Latest News

"တော်လှန်ရေးပြီးရင် လူငယ်တွေရဲ့ ပညာရေးကို ဦးစားပေးမယ်"

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေနဲ့မေးမြန်းခြင်း။ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေဟာ အင်တိုက်အားတိုက်နဲ့ လမ်းပေါ်ထွက်ပြီးအာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးပစ်ခတ်တာတွေ လုပ်လာတဲ့နောက်မှာတော့ လူငယ်တွေဟာ တိုင်းရင်းသားနယ်မြေတွေသွားရောက်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီထဲမှာ အမျိုးသမီးလူငယ်တွေဟာလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း အညာဒေသ ဆားလင်းကြီးမြို့နယ်က နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ မဖူးပွင့်ဝေဟာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးရက်စက်မှုတွေကို မြင်လာတဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့တန်းမှာ စစ်တိုက်ဖို့ အမျိုးသမီးတွေ အခွင့်အလမ်းနည်းပါးတာကြောင့် သပိတ်တိုက်ပွဲတွေကို ပြန်အသက်သွင်းခဲ့ပြီး စိတ်တူညီတဲ့ သူငယ်ချင်းတွေနဲ့ ၂၀၂၂ ခုနှစ်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ အညာဒေသမှာ ဘယ်လိုကူညီမှုတွေလုပ်နေသလဲ။ အမျိုးသမီးလူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုဖ...

မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁ဝ၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်

လပခ အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁ဝ လုံးပစ်ခတ်ခဲ့ရာ ၇ လုံး အောင်မြင်စွာပစ်ခတ်နိုင်

မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ယနေ့ ၊စက်တင်ဘာလ ၃ ရက်၊ မနက် (၄) နာရီ (၈) မိနစ် အချိန်တွင် ၁ဝ၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ကထုတ်ပြန်သည်။ 

BWM အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့သည် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ မနက် (၄) နာရီ (၈) မိနစ် အချိန်တွင် မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁ဝ လုံးပစ်ခတ်ခဲ့ရာ (၇)လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရသည်။ 


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသော ၁ဝ၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါ သော စစ်တိုင်းဌာနချုပ် (၂)ခုထဲမှတစ်ခုဖြစ်သည်။ 

ယခုအခါ MNDAA တော်လှန်ရေး အင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။ 

BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေးအင်အားစုများ၏ ၁ဝ၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြိုလဲရန် ၁ဝ၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း BWM ကထုတ်ပြန်သည်။ 

BWM နှင့်မဟာမိတ်အဖွဲ့များသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၂ဝ၂၃  ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ကြောင်း၊ BWM အဖွဲ့သည် စစ်ကောင်စီ၏ လေတပ်နှင့် အခြားအရေးကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိကြောင်း ထုတ်ပြန်သည်။

BWM အဖွဲ့ သည် ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍  အေလာလေတပ်စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး  စစ်ရှုံး ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ယနေ့ ပစ်ခတ်မှုကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်း ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း BWM အဖွဲ့ ကထုတ်ပြန်သည်။ 

Bagan News


Comments

Popular posts from this blog

"တော်လှန်ရေးပြီးရင် လူငယ်တွေရဲ့ ပညာရေးကို ဦးစားပေးမယ်"

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေနဲ့မေးမြန်းခြင်း။ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေဟာ အင်တိုက်အားတိုက်နဲ့ လမ်းပေါ်ထွက်ပြီးအာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးပစ်ခတ်တာတွေ လုပ်လာတဲ့နောက်မှာတော့ လူငယ်တွေဟာ တိုင်းရင်းသားနယ်မြေတွေသွားရောက်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီထဲမှာ အမျိုးသမီးလူငယ်တွေဟာလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း အညာဒေသ ဆားလင်းကြီးမြို့နယ်က နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ မဖူးပွင့်ဝေဟာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးရက်စက်မှုတွေကို မြင်လာတဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့တန်းမှာ စစ်တိုက်ဖို့ အမျိုးသမီးတွေ အခွင့်အလမ်းနည်းပါးတာကြောင့် သပိတ်တိုက်ပွဲတွေကို ပြန်အသက်သွင်းခဲ့ပြီး စိတ်တူညီတဲ့ သူငယ်ချင်းတွေနဲ့ ၂၀၂၂ ခုနှစ်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ အညာဒေသမှာ ဘယ်လိုကူညီမှုတွေလုပ်နေသလဲ။ အမျိုးသမီးလူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုဖ...

ပုလဲမြို့နယ်မှာ ရွာခံပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရ

  -စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒေသခံ ၂ သောင်းကျော် စစ်ဘေးရှော်နေရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ -စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ကျီကျင်းရွာကို စစ်ကောင်စီစစ်ကြောင်းက ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အမျိုးသား ၈ ဦးထက်မနည်းသတ်ဖြတ်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကထုတ်ပြန်ပါတယ်။ - မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှာ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားခဲ့တဲ့ Sky Villa ကွန်ဒို အဆောက်အအုံ A အဆောင်ကနေ ရုပ်အလောင်း ၅ လောင်းဒီကနေ့ထပ်မံတွေ့ရှိတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ဒီကနေ့မနက်မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာ​ကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အရင်လ ဇူလိုင်လအတွင်းမှာ စစ်တပ်က မိုးကုတ်မြို့ကို ဗုံး​ ၄ ကြိမ်ကြဲခဲ့လို့ အရပ်သား ၆ ဦး​သေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့​တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။ - ရန်ကုန်တိုင်းက လူငယ်စုံတွဲတွေကို Sex Video ရိုက်ကူးပြီး အွန်လိုင်းမှာ Live လွှင့်ခဲ့တဲ့သူတွေကို လူကုန်ကူးမှုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောပါတယ်။ သင်္ဃန်းကျွန်းမြိုနယ်က လူငယ်စုံတွဲနဲ့ အခြားလူငယ်စုံတွဲနှစ်တွဲကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာအတွင်းက နေအိမ် တစ်အိမ်မှာ တရုတ်နိုင်ငံသားတွေက  Sex Video ရိုက်ကူးပြီး ချီထိုက် Application ကတစ်ဆင့် Live လွှင့်တင်ခဲ့ကြတာပါ။  - စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် (၁၆/၁၇) အတွက် မုံရွာမြို့ နန်ချွန်ဆိပ်ကမ်းနဲ့မုံရွာဇက်ဆိပ်တွေမှာ အရပ်ဝတ်တွေနဲ့ ကင်းထောက်လှမ်းပြီး စက်လှေတွေ ကမ်းကပ်ချိန်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မ...