Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ထီးလင်းမြို့နယ်က ဓားစာခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ်တွင် ဖမ်းခေါ်သွားသည့် ဓားစာခံ ပြည်သူ ၄ ဦး အနက် ၃ ဦးကိုစစ်ကောင်စီတပ် ကပစ်သတ်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ သိရသည်။

ထီးလင်းမြို့နယ်မြောက်ပိုင်း ရေမျက်နီကျေးရွာ စစ်ကောင်စီ ကာကင်းစခန်းမှ ပြန်ဆုတ်လာခဲ့သည့် အင်အား ၈၂ ဦးပါ စစ်ကြောင်းသည် ပုံညာတောင်ခြေရင်း လမ်းခရီး၌ တွေ့သည့် ပြည်သူ အချို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ 


ဌင်းစစ်ကြောင်းမှ ပြန်လည်ဆုတ်ခွာလာချိန်တွင် ထီးလင်းမြိုနယ် ပါးမျဉ်းရွာမြောက်ဖက်တနေရာအရောက်၌ ဒေသခံ ပြည်သူ့တော်လှန်ရေး အဖွဲ့တခုမှ ကြားဖြတ် တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ နိုင်ကြောင်း သိရသည်။ 

ဌင်းစစ်ကြောင်းမှ အထိနာခဲ့သည့် အတွက် စက်တင်ဘာ ၂ ရက်နေ့တွင် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ပြည်သူ ၄ ဦး အနက် ၃ ဦးအား ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင်သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့သူ တဦးမှာ ထွက်ပြေး လွတ်မြောက်လာပြီး  ဓားစာခံ ပြည်သူ ၃ ဦး၏ အလောင်းများအား ထီးလင်းမြို့နယ် အနီးရှိတောတွင်း တနေရာတွင် စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် လျှော်ဖြူပင်ရွာက ပြည်သူ ၈ ဦး ကိုလည်း စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ သိရသည်။

Bagan News


  

Comments