Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

 စစ်ကောင်စီတပ်မှ အရာရှိ (၁)ဦး အပါအဝင် တပ်သား (၅)ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ

ပဲခူးတိုင်း၊  ရွှေကျင်မြို့နယ်  ကုန်းမြင့်သာယာ စစ်ကောင်စီတပ် ရှေ့တန်းစခန်းကို ဩဂုတ်လ၊ (၃၁)ရက်တွင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ KNLA တပ်ရင်း (၉)၊  PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 


ကုန်းမြင့်သာယာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဩဂုတ်လ၊ (၃၁)ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၁:၀၀) အချိန်ခန့်တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများနှင့် ဆန်အိတ်ပေါင်း (၄၀၀)ကျော် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ (၁)ဦး အပါအဝင်တပ်သား (၅)ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။ 

ယခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲရာ ဘောကထာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးပြီး ကုန်မြင့်သာယာရွာတွင် ရှေ့တန်းစခန်းပြုလုပ်တပ်စွဲထားချိန်တွင် တော်လှန်ပူးပေါင်းတပ်ဖွဲ့များမှ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းတောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှထုတ်ပြန်သည်။ 

Bagan News

Comments