Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

 စစ်ကောင်စီတပ်မှ အရာရှိ (၁)ဦး အပါအဝင် တပ်သား (၅)ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ

ပဲခူးတိုင်း၊  ရွှေကျင်မြို့နယ်  ကုန်းမြင့်သာယာ စစ်ကောင်စီတပ် ရှေ့တန်းစခန်းကို ဩဂုတ်လ၊ (၃၁)ရက်တွင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ KNLA တပ်ရင်း (၉)၊  PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 


ကုန်းမြင့်သာယာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဩဂုတ်လ၊ (၃၁)ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၁:၀၀) အချိန်ခန့်တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများနှင့် ဆန်အိတ်ပေါင်း (၄၀၀)ကျော် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ (၁)ဦး အပါအဝင်တပ်သား (၅)ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။ 

ယခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲရာ ဘောကထာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးပြီး ကုန်မြင့်သာယာရွာတွင် ရှေ့တန်းစခန်းပြုလုပ်တပ်စွဲထားချိန်တွင် တော်လှန်ပူးပေါင်းတပ်ဖွဲ့များမှ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းတောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှထုတ်ပြန်သည်။ 

Bagan News

Comments