Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ၏ သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး စုစုပေါင်း ၁၁၃၂ ဦးရှိ

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁  ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး ၅၆၄၉ ဦး  နှင့် သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး စုစုပေါင်း ၁၁၃၂ ဦးကို အမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်ခဲ့ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်သည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းသိရသည်။


ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတိုင်းတွင် ကျရာနေရာမှ နောက်မဆုတ်စတမ်း ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိနှင့် အားမာန်ကို ယခု နွေဦးတော်လှန်ရေးတွင်လည်း အထင်းသားမြင်တွေ့နေကြကြောင်း အေအေပီပီက ယနေ့ထုတ်ပြန်သည့် နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ စာတမ်းတွင်ဖော်ပြသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ဝ  ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၅၅၈၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP ကထုတ်ပြန်သည်။ 

Photo - AFP/Getty Images (2021)

Bagan News

Comments