Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ထီးချိုင့်အနီးတွင် စစ်သင်္ဘော ၂ စီးကို KIA ပူးပေါင်းတပ် ပစ်ခတ်ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အနီးတွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘော (၂)စီးကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းများကို ရေးသားဖော်ပြသည့် 7Stars News သတင်းတွင်ဖော်ပြသည်။ 

ယမန်နေ့၊ စက်တင်ဘာလ (၁)ရက်နေ့၊ညနေပိုင်းတွင် ထီးချိုင့်နှင့် မြတောင်ကြား၌ စစ်ကောင်စီ စစ်သင်္ဘော (၂)စီးကို KIA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်များမှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောကြောင်း 7 Stars News သတင်းတွင်ဖော်ပြသည်။ 

စက်တင်ဘာလ (၁)ရက်နေ့၊ ညနေ (၅:၀၇)ခန့်အချိန်တွင် ထီးချိုင့်မြို့၊ ပန်းရွှေဝါ၊ ပန်းတောက်လှ ဆိပ်ကမ်းတွင် စစ်ကောင်စီ စစ်သင်္ဘော (၇)စီး ကမ်းကပ်ခဲ့ကြောင်းသတင်းရရှိပြီး ထိုမှ တက်လာသော စစ်သင်္ဘော (၂)စီးကို တော်လှန်ရေးတပ်များမှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇူလိူင်လကုန်ကလည်း မန္တလေးမြို့၊ဂေါဝန် ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် စစ်ကောင်စီလက်နက် ရိက္ခာများ တင်ဆောင်လာသည့် စစ်သင်္ဘော ၉ စီး သည် ဧရာဝတီမြစ် တလျှောက် နီးကပ်ရာကျေးရွာများကို ပစ်ခတ်ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ 

စစ်ကောင်စီလက်နက် ရိက္ခာများ တင်ဆောင်လာသည့် စစ်သင်္ဘော များအား မြစ်ကမ်းတလျှောက်တွင် ကာကွယ်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။ 

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ကချင်ပြည်နယ် ရွှေကူမြို့သင်္ဘောဆိပ်မှ ဗန်မော်သို့ ဆန်တက်လာသည့် စစ်ကောင်စီလက်နက် ရိက္ခာတင်ဆောင်လာသည့် စစ်သင်္ဘော တစီးကို မြို့လှ K-PDF တပ်ရင်းက 107mm ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောထိမှန် ပျက်စီးခဲ့သည်။ 

ဓာတ်ပုံ- မြို့လှ K-PDF (ပုံဟောင်း)။

Bagan News

Comments