Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ထီးချိုင့်အနီးတွင် စစ်သင်္ဘော ၂ စီးကို KIA ပူးပေါင်းတပ် ပစ်ခတ်ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အနီးတွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘော (၂)စီးကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းများကို ရေးသားဖော်ပြသည့် 7Stars News သတင်းတွင်ဖော်ပြသည်။ 

ယမန်နေ့၊ စက်တင်ဘာလ (၁)ရက်နေ့၊ညနေပိုင်းတွင် ထီးချိုင့်နှင့် မြတောင်ကြား၌ စစ်ကောင်စီ စစ်သင်္ဘော (၂)စီးကို KIA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်များမှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောကြောင်း 7 Stars News သတင်းတွင်ဖော်ပြသည်။ 

စက်တင်ဘာလ (၁)ရက်နေ့၊ ညနေ (၅:၀၇)ခန့်အချိန်တွင် ထီးချိုင့်မြို့၊ ပန်းရွှေဝါ၊ ပန်းတောက်လှ ဆိပ်ကမ်းတွင် စစ်ကောင်စီ စစ်သင်္ဘော (၇)စီး ကမ်းကပ်ခဲ့ကြောင်းသတင်းရရှိပြီး ထိုမှ တက်လာသော စစ်သင်္ဘော (၂)စီးကို တော်လှန်ရေးတပ်များမှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇူလိူင်လကုန်ကလည်း မန္တလေးမြို့၊ဂေါဝန် ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် စစ်ကောင်စီလက်နက် ရိက္ခာများ တင်ဆောင်လာသည့် စစ်သင်္ဘော ၉ စီး သည် ဧရာဝတီမြစ် တလျှောက် နီးကပ်ရာကျေးရွာများကို ပစ်ခတ်ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ 

စစ်ကောင်စီလက်နက် ရိက္ခာများ တင်ဆောင်လာသည့် စစ်သင်္ဘော များအား မြစ်ကမ်းတလျှောက်တွင် ကာကွယ်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။ 

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ကချင်ပြည်နယ် ရွှေကူမြို့သင်္ဘောဆိပ်မှ ဗန်မော်သို့ ဆန်တက်လာသည့် စစ်ကောင်စီလက်နက် ရိက္ခာတင်ဆောင်လာသည့် စစ်သင်္ဘော တစီးကို မြို့လှ K-PDF တပ်ရင်းက 107mm ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောထိမှန် ပျက်စီးခဲ့သည်။ 

ဓာတ်ပုံ- မြို့လှ K-PDF (ပုံဟောင်း)။

Bagan News

Comments