Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီမှ လားရှိုးမြို့အား ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက်သမား သဘာဝကို တစ်ဖန် ပေါ်လွင်စေဟု MNDAA ပြော

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် သြဂုတ်လ ၃ဝ ရက်ညက လားရှိုးမြို့အား ရုတ်တရက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သားများ အထိတ်တလန့် ဖြစ်ခဲ့ပြီး အကြမ်းဖက်သမား၏ သဘောသဘာဝကို တစ်ဖန် ပေါ်လွင်စေခဲ့ကြောင်း ကိုးကန့်တပ် MNDAA မှထုတ်ပြန်သည်။ 

လားရှိုးမြို့သည် တဖြည်းဖြည်း တည်ငြိမ်လာပြီး ဒေသခံများက အသက်မွေးဝမ်းကြောင်းပြုရန်  ပြန်လာနေချိန် သြဂုတ် ၃ဝ ရက် ညနေပိုင်းတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့က ရုတ်တရက် လားရှိုးမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ သြဂုတ် ၃ဝ ရက် ည ၈:၄၅ တွင်တကြိမ် နှင့် ၈:၅၀ နာရီတွင် တကြိမ် စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များကို ထပ်မံပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း MNDAA ကထုတ်ပြန်သည်။ 

စစ်ကောင်စီမှ  လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၉)ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းတွင် ဗုံးများ ကျခဲ့ပြီး စာသင်ကျောင်းအတွင်း အဆောက်အဦးအများအပြား ပျက်စီးခဲ့ကြောင်းသိရသည်။

ဌင်းပြင် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း အနီးရှိ လူနေအဆောက် အအုံ တစ်ခုပေါ်သို့ နောက်ထပ် ဗုံးတစ်လုံး ကျခဲ့ပြီး အပေါ်ဆုံးထပ်မှာ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

လေကြောင်း တိုက်ခိုက်မှု အပြီးတွင် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီက အခင်းဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး  လေကြောင်း တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း၊ လက်ရှိတွင် ပျက်စီးဆုံးရှုံးမှုကို သက်ဆိုင်ရာဌာနတွေက တွက်ချက်နေကြောင်း MNDAA ကထုတ်ပြန်သည်။ 

လားရှိုး ဒေသခံများက အသက်မွေးဝမ်းကြောင်းပြုရန်  ပြန်လာနေချိန်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်ဘဲ စစ်ရေးပစ်မှတ် မဟုတ်သော လူနေအိမ်များနှင့် စာသင်ကျောင်းများကို ဗုံးကျဲခဲ့ကြောင်း၊  ပြည်သူများကို အိမ်မပြန်ရန်နှင့် ၎င်းတို့၏ ပုံမှန်ဘဝများ ပြန်လည်အသက်ဝင်လာသည်ကို တားဆီးခြင်းသည် အကြမ်းဖက်သမား၏ သဘောသဘာဝကို တစ်ဖန် ပေါ်လွင်စေခဲ့ကြောင်း MNDAA ကထုတ်ပြန်သည်။  

ဓာတ်ပုံ - စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ထိခိုက်ပျက်စီးမှုများ။ Photo - MNDAA Video  

Bagan News

Comments