Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဟု NUG ယာယီသမ္မတပြော

စစ်ကောင်စီကို စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနှင့် အတွေးအခေါ်အရ တော်လှန်ခြင်းတွေအထိပါ လုပ်ဆောင်ဖို့ လည်းယာယီသမ္မတ တိုက်တွန်း

အကြမ်းဖက် စစ်ကောင်စီအနေ့ဖြင့် စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေမူကို အဆက်မပြတ် လုပ်ဆောင်နေပြီး ၎င်းတို့၏ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ၊ဒူဝါလရှီးလ ကပြောကြားသည်။


ယာယီသမ္မတက ယနေ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်တွင် ကျရောက်သည့် ခုခံတွန်းလှန်စစ် [၃] နှစ်ပြည့် လူထုထံသို့ အမှာစကားတွင်ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

"ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်။ ဒါ့ကြောင့်လည်း အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းအင်အားကို အဓိကထားပြီး၊ အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်" ဟုယာယီသမ္မတ၊ဒူဝါလရှီးလ ကပြောကြားသည်။

ဌင်းပြင် "အဆုံးသတ်အချိန်မှာ၊ လူထုတရပ်လုံးရဲ့ အထွေထွေ အောင်ပွဲအရပ်ရပ်ဟာ ပြည်သူလူထုအားလုံးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ ဖြစ်တယ်။ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးတွေဟာ တရိပ်ရိပ်နဲ့ စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက်စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးအတွက် ပုဒ်မ (။) ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ အပြောမဟုတ်ဘဲ ခုခံတော်လှန်စစ် (၃) နှစ်တာကာလမှာ အလုပ်နဲ့ သက်သေပြပြီး ဖြစ်တယ်။  ဆက်လက်ပြီးတော့လည်း ကာယကံမြောက် ပေါ်ထွက်လာမယ့် လူထုအောင်ပွဲတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့ ရှိနေတယ်" ဟုယာယီသမ္မတ ကပြောကြားသည်။

စစ်အာဏာရှင်၏ အကျင့်စရိုက်များသည် ခေတ်စနစ်ထဲမှာ အရိုးစွဲအောင် အမြစ်တွယ်နေကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးအပြင် နာမ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်သည့် စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနှင့် အတွေးအခေါ်အရ တော်လှန်ခြင်းတွေအထိပါ ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ လည်းယာယီသမ္မတ ကတိုက်တွန်းသည်။

လက်နက်ကိုင်လမ်းစဉ်အရသော်လည်းကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထုလမ်းစဉ်အရသော်လည်းကောင်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တော်လှန်သည့် တော်လှန်ရေး ဒီရေမုန်တိုင်းဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်၏ အဆောက်အအုံဟောင်းတွေအားလုံးကို အပြီးသပ်ရှင်းလင်းအောင်အထိ ဖြိုချ သန့်စင်ပစ်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်၏ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက် ရုန်းထကြပါစို့ဟုလည်း ယာယီသမ္မတ၊ဒူဝါလရှီးလ ကပြောကြားသည်။

Bagan News

Comments