Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

အကျဉ်းထောင်များတွင် ဆေးဝါး‌စောင့်ရှောက်မှု မရရှိသဖြင့် ၂ နှစ်အတွင်း သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၃ဝ ဦးရှိ

အကျဉ်းထောင်များတွင် ဆေးဝါး‌စောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် ၂ နှစ်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/သူ စုစုပေါင်း ၃၀ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

၂၀၂၃ ခုနှစ်မှစ၍ အကျဉ်းထောင်များသို့ မိသားစုဝင်များက  ပေးပို့သည့် ထောင်ဝင်စာ ဆေးဝါးများကို ကန့်သတ်ပိတ်ပင်ခြင်း၊ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အရေးပေါ် လူနာများကို အချိန်နှင့်တပြေးညီ ထောင်ပြင်ပဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကုသခွင့်မရခြင်းတို့ကြောင့်  ၂၀၂၃ ခုနှစ်အတွင်းနိုင်ငံ‌ရေးအကျဉ်းသား  ၁၅ ဦး၊နိုင်ငံရေးအကျဉ်းသူ (၂) ဦး စုစုပေါင်း ၁၇ ဦးတို့သည် အကျဉ်းထောင်နှင့် ထောင်ပြင်ပ ဆေးရုံများအတွင် အသက်သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်ဇန်နဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာ(၇)ရက်နေ့အထိ (၁၀)လအတွင်း နိုင်ငံရေးအကျဉ်းသား(၁၁)ဦး၊နိုင်ငံရေးအကျဉ်းသူ(၂)ဦး၊ စုစုပေါင်း(၁၃)ဦးတို့သည် ထောင်တွင်း‌ ဆေးဝါး လုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ကြောင်း PPNM မှထုတ်ပြန်သည်။

ယင်းတို့အနက် မန္တလေးအိုးဘိုအကျဉ်းထောင်၌ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသား  မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည်လည်း အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ အောက်တိုဘာလ(၇)ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ထောင်အာဏာပိုင်များက  နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများအတွက် ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်သည့်အတွက် အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများပို့ဆောင်ရန် ခက်ခဲလာပြီး ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ အလွန်ဆိုးရွားလာနေကြောင်း သိရသည်။

အကျဉ်းထောင်တွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသူများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသခွင့်ရရှိရေးမှာလည်း တဖြည်းဖြည်း အလှမ်းဝေးလာကာ အသက်ဆုံးရှုံးနိုင်မှု အခြေအနေမှာလည်း ပိုမိုမြင့်မားလာနေကြောင်း PPNM မှထုတ်ပြန်သည်။

ထောင်တွင်း၌ ဆေးဝါးမလုံလောက်ခြင်း၊ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးခြင်း ၊ ထောင်တွင်း ကျန်းမာရေး အရေးပေါ် ဖြစ်သည့် အခါများတွင် ဆရာဝန်များ အချိန်မှီလာရောက်ကြည့်ရှု ကုသမှု မရရှိခြင်း၊ထောင်တွင်း နာတာရှည်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြင်ပ ‌ဆေးရုံများသို့ သွားရောက်ကုသခွင့် မရခြင်းတို့ကြောင့် လစဉ် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများ အသက်ပေးနေကြရကြောင်း PPNM မှသိရသည်။

ဓာတ်ပုံ -၂၀၁၉ခုနှစ်အတွင်း ICRC မှ ရိုက်ကူးထားသော ပုံအဟောင်းဖြစ်သည်။ Photo Via -PPNM

Bagan News

Facebook

YouTube

Comments