Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဟားခါး-ထန်တလန်လမ်းရှိ စစ်တပ်စခန်းကို သိမ်းပိုက် စစ်သား ၁၅ ဦး သေဆုံး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း Chinland Defense Force - Hakha မှထုတ်ပြန်သည်။ 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် Operation Rung အမည်ဖြင့် Chinland Defense Force - Hakha နှင့် Chin National Armyမှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၁၅ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့သည်။ 

တိုက်ပွဲတွင် MA1 ငါးလက်၊ MA2 တစ်လက်၊ MA3 နှစ်လက်၊ MA11 တစ်လက်၊ ကျည်‌ဘောက် ၄၂ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF- Hakha  ကအသိပေးသည်။ 

အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း  CDF-Hakha ကထုတ်ပြန်သည်။

Photo - CDF-Hakha ချင်းတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးရမိသည့်စစ်ကောင်စီတပ်သားများ။

Bagan News

Comments