Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကန့်ဘလူ ကျီစုနှင့်ကျောက်တိုင်ရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကျီစုနှင့်ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် မှသိရသည်။

ယနေ့ အာက်တိုဘာလ ၃၀ ရက်နေ့  မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ကန့်ဘလူမြို့နယ် ကျီစုရွာ နှင့် နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအင်အား ၁၅၀ ခန့်မှ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဌင်းအဖွဲ့ကဆိုသည်။

ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင်  ကန့်ဘလူမြို့နယ်၊ထန်းကုန်းမှထွက်ခဲ့သော  အင်အား၇၀ ခန့်နှင့် ရေဦးမြို့နယ်၊အောင်သာယာပျူအထိုင်မှ ထွက်ခဲ့သော စစ်သားများပါဝင်သည့်ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ကာဘိုးပျူအထိုင်စခန်းတွင် တညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

၎င်းနောက် ၊ယနေ့ နေ့လယ်တွင် ထိုစစ်ကောင်စီတပ်နှင့် ပျူစုပေါင်းအင်အား ၁၅၀ ခန့်သည် ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့အား အကြမ်းဖက်ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ကျီစု၊ကျောက်တိုင်နှင့် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာတို့အား Drone ဖြင့် ဗုံးသီး ၈ ကြိမ် အထိကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများရှောင်တိမ်းနေရပြီး အထိအခိုက်ရှိမရှိ ဆက်လက်စုံစမ်းနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောသည်။

ကျီစုရွာနှင့် ကျောက်တိုင်ရွာများသည် ယခင်ကလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ရွာများဖြစ်ကြောင်းသိရသည်။ 

ဓာတ်ပုံ- ယခင်မီးရှို့ခံခဲ့ရသည့် ကျောက်တိုင်ရွာနှင့် ကျီစုရွာရွာ(ပုံဟောင်း)

Bagan News

Comments