Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မန္တလေး PDF ၏အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက် စစ်သုံ့ပန်း ဗိုလ်မှုးအပါ ၄ ဦး သေဆုံး

 ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား ယနေ့ အောက်တိုဘာလ (၃ဝ) ရက်နေ့ နံနက်အစောပိုင်း (၁)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်း ဗိုလ်မှုးတစ်ဦးအပါအဝင် (၄)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး ရှိခဲ့ကြောင်း မန္တလေး PDF မှထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်နေ့ ညနေ ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့သည်။ 

ဌင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့ကြောင်း မန္တလေး PDF မှထုတ်ပြန်သည်။ 

စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှသိရသည်။ 

Photo - ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

အောက်တိုဘာလ (၃ဝ) ရက်နေ့ နံနက်အစောပိုင်း (၁)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည့်မြင်ကွင်။

Bagan news


Comments