မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
၂ဝ၁၄ ခုနှစ် ၊နိုဝင်ဘာလ ၁၄ ရက်နေ့တွင် KIA ဌာနချုပ်နယ်မြေအတွင်းရှိ ဝေကြိုင်ဘွမ်၊ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနေကြသော ဗိုလ်လောင်းများအား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စုစုပေါင်း ဗိုလ်လောင်း (၂၃) ဦးသေဆုံးခဲ့သည်။
သေဆုံးခဲ့သည့် ဗိုလ်လောင်း (၂၃) ဦးတွင် အာရက္ခတပ်တော် AA မှဗိုလ်လောင်း (၈) ဦးပါဝင်ခဲ့သည်။
ဌင်း ဗိုလ်လောင်း (၈) ဦးအတွက် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ၁ဝ နှစ်ပြည့်နေ့တွင် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။
အခမ်းအနားကို ဗိုလ်လောင်းများလဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အလံတဝက်လွှင့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Photo - AA

Comments
Post a Comment