Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦးအတွက် ၁ဝ နှစ်ပြည့်အခမ်းအနား AA ပြုလုပ်

၂ဝ၁၄ ခုနှစ် ၊နိုဝင်ဘာလ ၁၄ ရက်နေ့တွင် KIA ဌာနချုပ်နယ်မြေအတွင်းရှိ ဝေကြိုင်ဘွမ်၊ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနေကြသော ဗိုလ်လောင်းများအား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စုစုပေါင်း ဗိုလ်လောင်း (၂၃) ဦးသေဆုံးခဲ့သည်။ 

သေဆုံးခဲ့သည့်  ဗိုလ်လောင်း (၂၃) ဦးတွင် အာရက္ခတပ်တော် AA မှဗိုလ်လောင်း (၈) ဦးပါဝင်ခဲ့သည်။

ဌင်း ဗိုလ်လောင်း (၈) ဦးအတွက် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ၁ဝ နှစ်ပြည့်နေ့တွင် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

အခမ်းအနားကို ဗိုလ်လောင်းများလဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အလံတဝက်လွှင့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo - AA 

Bagan News




Comments