Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ငါးခိုးဖမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂ဝ ဦးအား AA ပြန်လည်လွှဲပြောင်း

ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆ဝ) ခန့်ကို အာရက္ခတပ်တော်(AA) ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်များမှ တွေ့ရှိခဲ့သဖြင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂ဝ) ဦးကို ဖမ်းဆီးရမိခဲ့သည်။ 

၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂ဝ) ဦးကို  (၂) ရက်ကြာ ထိမ်းသိမ်းထားခဲ့ပြီး လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) လက်ထဲသို ပြန်လည်အပ်နှံခဲ့ကြောင်း အာရက္ခတပ်တော်(AA) ကထုတ်ပြန်သည်။

Photo - AA

၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ငါးခိုးဖမ်းနေကြသော သူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရသည်။ 

သို့သော်လည်း  ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း AA ကထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများ၊ ငါးခိုးဖမ်းလှေများကိုမူ ပြန်လည်ပေးအပ်ခဲ့ကြောင်း AA ကထုတ်ပြန်သည်။

၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂ဝ) ရက်နေ့တွင် ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) ထဲမှ (၇) စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) သို ပြန်လည်လွှပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဟု AA ကဆိုသည်။

Facebook   YouTube


Comments