Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ငါးခိုးဖမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂ဝ ဦးအား AA ပြန်လည်လွှဲပြောင်း

ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆ဝ) ခန့်ကို အာရက္ခတပ်တော်(AA) ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်များမှ တွေ့ရှိခဲ့သဖြင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂ဝ) ဦးကို ဖမ်းဆီးရမိခဲ့သည်။ 

၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂ဝ) ဦးကို  (၂) ရက်ကြာ ထိမ်းသိမ်းထားခဲ့ပြီး လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) လက်ထဲသို ပြန်လည်အပ်နှံခဲ့ကြောင်း အာရက္ခတပ်တော်(AA) ကထုတ်ပြန်သည်။

Photo - AA

၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ငါးခိုးဖမ်းနေကြသော သူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရသည်။ 

သို့သော်လည်း  ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း AA ကထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများ၊ ငါးခိုးဖမ်းလှေများကိုမူ ပြန်လည်ပေးအပ်ခဲ့ကြောင်း AA ကထုတ်ပြန်သည်။

၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂ဝ) ရက်နေ့တွင် ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) ထဲမှ (၇) စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) သို ပြန်လည်လွှပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဟု AA ကဆိုသည်။

Facebook   YouTube


Comments