Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက် ပြည်သူ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊လိပ်ဆင်းတောင်ရွာအား စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာ ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံး ခဲ့ကြောင်း ဒေသခံများမှသိရသည်။

ဓာတ်ပုံ - ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမြင်ကွင်း။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လိပ်ဆင်းတောင်ရွာရှိ ကားဝပ်ရှော့မှ ကားများနှင့် နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နေအိမ်အချို့မီးလောင်ပျက်ဆီး‌ခဲ့သည်။ 

ကန့်ဘလူခရိုင်တွင်  စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ပျူသင်တန်းတက်‌ရန် အတင်းအဓမ္မဖမ်းဆီးနေခြင်းကြောင့် ပြည်သူ ၈ဝဝဝ ခန့်   အိုးအိမ်စွန့်ခွါကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်ကထုတ်ပြန်သည်။

Bagan News 



Comments