Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက် တပ်သား ၁၂ ဦး သေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာတွင် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး တပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်သည်။

ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇ဝ၁) ဦးစီးသော ခမရ (၇ဝ၁၊ ၇ဝ၃၊ ၇ဝ၄) အင်အား (၇ဝ) ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနှင့် အမှတ် (၅၁ဝ) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲတို့မှ နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

Photo - အမှတ် (၁) စစ်ဒေသ

ထိုစစ်ကြောင်း သည် မန္တ‌လေးခရိုင်၊ အောင်မြေသာစံမြိုနယ်ရှိ စအရ-၉၁ဝ (အမှတ်-၉၁ဝ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နှင့်MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ နမခမှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၅) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Bagan News 


Comments