Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မူးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ညောင်းလေးပင်ခရိုင်(ခလယ်လွီထူ)၊ မူးမြို့နယ်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့၌  စစ်ကောင်စီတပ်၏ ခမရ-၃၀၇ ရွှေဝါတပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာကြီးအင်းကျေးရွာမှ ဦးပြူးကျော် အသက်(၅၅)နှစ်နှင့် ဦးဝဲကြည် အသက်(၇၅)နှစ်တို့သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

ညောင်းလေးပင်ခရိုင်တွင် နိုဝင်ဘာလ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ  စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး စုစုပေါင်း (၈၆)လုံးနှင့် ကျောင်းတက်ချိန်တွင် ဒရုန်းဖြင့်လက်နက်ကြီးပစ်ခတ်မှုအပါအဝင် စာသင်ကျောင်းကို စုစုပေါင်း(၈)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှသိရသည်။


ထိုသို့ လက်နက်ကြီးနှင့်ဒရုန်း ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ် တောကြောင်ပေါက်ကျေးရွာမှ  (၁၀)နှစ်အရွယ်ကျောင်းသူ(၂)ဦးအပါအဝင် ဒေသခံပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ 

ထို့အပြင် အလယ်စုကျေးရွာမှ ဆေးပေးခန်း(၁)လုံး၊ မူကြိုကျောင်း(၁)လုံး၊ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦး(၁)လုံး နှင့် ဒေသခံပြည်သူ၏ နေအိမ်(၄)လုံး ပျက်စီးခဲ့သည်။ 

စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အိမ်ခြေစုစုပေါင်း(၁၁၅၂)လုံး၊ လူဦးရေစုစုပေါင်း (၆၄၅၁)ဦးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရပြီး ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ကေအဲန်ယူ-ဗဟိုမှသိရသည်။

Photo - ကေအဲန်ယူ-ဗဟို (စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများ)

Bagan News 

Comments