Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မူးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ညောင်းလေးပင်ခရိုင်(ခလယ်လွီထူ)၊ မူးမြို့နယ်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့၌  စစ်ကောင်စီတပ်၏ ခမရ-၃၀၇ ရွှေဝါတပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာကြီးအင်းကျေးရွာမှ ဦးပြူးကျော် အသက်(၅၅)နှစ်နှင့် ဦးဝဲကြည် အသက်(၇၅)နှစ်တို့သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

ညောင်းလေးပင်ခရိုင်တွင် နိုဝင်ဘာလ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ  စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး စုစုပေါင်း (၈၆)လုံးနှင့် ကျောင်းတက်ချိန်တွင် ဒရုန်းဖြင့်လက်နက်ကြီးပစ်ခတ်မှုအပါအဝင် စာသင်ကျောင်းကို စုစုပေါင်း(၈)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှသိရသည်။


ထိုသို့ လက်နက်ကြီးနှင့်ဒရုန်း ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ် တောကြောင်ပေါက်ကျေးရွာမှ  (၁၀)နှစ်အရွယ်ကျောင်းသူ(၂)ဦးအပါအဝင် ဒေသခံပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ 

ထို့အပြင် အလယ်စုကျေးရွာမှ ဆေးပေးခန်း(၁)လုံး၊ မူကြိုကျောင်း(၁)လုံး၊ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦး(၁)လုံး နှင့် ဒေသခံပြည်သူ၏ နေအိမ်(၄)လုံး ပျက်စီးခဲ့သည်။ 

စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အိမ်ခြေစုစုပေါင်း(၁၁၅၂)လုံး၊ လူဦးရေစုစုပေါင်း (၆၄၅၁)ဦးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရပြီး ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ကေအဲန်ယူ-ဗဟိုမှသိရသည်။

Photo - ကေအဲန်ယူ-ဗဟို (စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများ)

Bagan News 

Comments