Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျောက်ကြီးမြို့နယ် ကျေးရွာများအား စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)တွင် နိုဝင်ဘာလ (၂ဝ) ရက်နေ့မှစ၍ (၂၆) ရက်နေ့အထိ စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှထုတ်ပြန်သည်။ 

ဌင်းပြင် နေအိမ်(၃)လုံး၊ ဆန်စက်(၁)လုံး၊ ဆေးခန်း (၂) ခန်းနှင့် ပြည်သူပိုင်အဆောက်အဦး (၂)လုံး ပျက်စီးခဲ့သည့် အပြင် ပြည်သူ (၁) ဦးကိုလည်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်  ထိခိုက်ပျက်စီးမှုများ။

နိုဝင်ဘာလ (၂ဝ) ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ စစ်ကောင်စီတပ်မှ ရေတွင်းကုန်းကျေးရွာ၊ ကညင်ကြိုးကျေးရွာ၊ကျောင်းကုန်းကျေးရွာ၊စဉ့်အိုးလာကျေးရွာ၊ ဂရုပ်ကုန်းကျေးရွာ၊ဝါချဲကျေးရွာ၊ လိန်ပင်ကျေးရွာ၊ နိုဖိုးကျေးရွာ၊ ဖျံတလင်းကျေးရွာနှင့် ခိုလိုကျေးရွာ များအား လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းဖြင့် (၂ဝ)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးမှထုတ်ပြန်သည်။ 

Bagan News Agency 


Comments