Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြန်မာ ဘက်တွင် တရုတ်နိုင်ငံ ပြတ်ပြတ်သားသား ရပ်တည်ဟု စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံ၏ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က ပြတ်ပြတ်သားသား ရပ်တည်နေသည်ဟုစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။ 

ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့၊နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင်က တက်ရောက်ပြောကြားခြင်းဖြစ်သည်။

ဓာတ်ပုံ - တရုတ် ခရီးစဉ်တွင် တွေ့ရသည့်စစ်ခေါင်းဆောင်။

နိုဝင်ဘာလဆန်းပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion (GMS) သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံဝန်ကြီးချုပ်က ဌင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်ကဆိုသည်။ 

တရုတ်နိုင်ငံဝန်ကြီးချုပ်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်းအတည်ပြုကြောင်း၊ တရုတ် - မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲ အုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း၊ တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်အတူတကွ ဖွံဖြိုးတိုးတက်မှုရရှိလိုကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များပင်ဖြစ်ကြောင်းစစ်ကောင်စီခေါင်းဆောင်ကဆိုသည်။ 

ဌင်းပြင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun တိုနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတိုအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးအလေးထားသော ပြောဆိုဆက်ဆံမှု၊ ဆွေးနွေးမှုများကို ထင်ရှားစွာတွေ့ရှိခဲ့ရကြောင်းလည်း စစ်ခေါင်းဆောင်ကပြောသည်။ 

စစ်ကောင်စီခေါင်းဆောင်သည် တရုတ်နိုင်ငံမှပြန်ရောက်ပြီးသည့်နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်းရှိမြို့များ ၊ ကန့်ဘလူခရိုင်ရှိ မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။


နိုဝင်ဘာလ(၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့မဈေးရပ်ကွက်ရှိ ခရီးသည်များ စည်ကားနေသည့် လန်းဆန်းလက်ဖက်ရည်ဆိုင်အားဗုံးကြဲချမှုကြောင့် ဒေသခံနှင့် ခရီးသွားပြည်သူ (၁၁)ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဌင်းပြင် နောင်ချိုမြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာလ (၁၆)နေ့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၂ )နှစ်အရွက် ကလေးငယ် (၁)ဦး သေဆုံးပြီး အရပ်သား (၃)ဦးဒဏ်ရာရရှိခဲ့သည်။ 

စစ်ကောင်စီတပ်မှ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်အစောပိုင်း၌ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ် TNLA မှထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၅၆) ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှထုတ်ပြန်သည်။

Bagan News 


Comments