Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက် မှုကြောင့် ပြည်သူ ၈ဝဝဝကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများအား နိုဝင်ဘာ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

အလားတူ ကျေးရွာများအား Drone ဖြင့်  ဗုံးသီးချခြင်း၊ဟောင်ဝစ်ဇာပစ်ကူခြင်း နှင့် ပြည်သူပိုင်နေအိမ်များအားမီးရှို့ဖျက်ဆီးကြပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ကားကြီးကားငယ်များဖြင့် ကံပေါက်ရွာသို့ ခိုးယူသယ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှထုတ်ပြန်သည်။ 

ဓါတ်ပုံ − ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီးမူကြောင့် ထိခိုက်ပျက်စီးမှုများ။ 

၎င်းစစ်ကြောင်းသည်  နိုဝင်ဘာ ၂ဝရက်နေ့ နံနက်အ‌စောပိုင်းတွင် ကျွန်းလှမြို့မှ ကံပေါက်ရွာသို့  ကားများဖြင့် ထွက်လာ‌သောအင်အား ၂ဝဝခန့်ပါသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းဖြစ်သည်။

၎င်းစစ်ကြောင်းသည် နိုဝင်ဘာ ၂ဝ ရက်နေ့  တွင် ကံပေါက်ရွာမှ မြောက်ဘက်သို့ ဦးတည်ထွက်ခွါသရာ  စစ်ကြောင်းထိုးသည့် လမ်းတစ်လျောက် Drone ဖြင့် ဗုံးသီးဆက်တိုက်ချ တိုက်ခိုက်ခဲ့ကာ ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံသို့ ရောက်ရှိ တပ်စွဲခဲ့သည်။

ကုက္ကိုကုန်းရွာထဲ၌ အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယင်းနေ့ နေ့လယ် ၁ နာရီ ခန့်တွင် ကုက္ကိုကုန်းရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး Drone ဖြင့်  အနီးအနားရွာများအား ၆ဝ ဗုံးသီးများဆက်တိုက်ချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

၎င်းအပြင် နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ် တွင် မဒေါင်ရွာ နှင့် ညနေ တွင် လွှတ်တိုက်ရွာတို့အား မီးရှို့ခဲ့ပြီး၊နိုဝင်ဘာ ၂၂ ရက်နေ့ ယနေ့ ညနေ ၃ နာရီ ၃ဝ မိနစ်တွင် ဆွဲလှဲရွာအား ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ တွင် တံတားဦးတက် ဂျက်ဖိုက်တာ ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊နိုဝင်ဘာ ၂၁ ရက်နေ့ တွင်  တံတားဦးတက် ဂျက်ဖိုက်တာဖြင့်  လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် နှင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင်  နမခတက် Mi35 ဖြင့် ၁ ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကြောင်းထိုးနေသည့် ၃ ရက်အတွင်း  စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအပြင် ဟောင်ဝစ်ဇာဖြင့်လည်း ဆက်တိုက်ပစ်ကူခဲ့ကြောင်း သိရသည်။


“စစ်ကြောင်းထိုးတာ သီးနှံပေါ်ချိန် စပါးရိတ်ချိန်ကြီးဆိုတော့ ကျုပ်တို့တောင်သူလယ်သမားတွေအတွက်တော့ တအားဒုက္ခရောက်တာ၊အဆင်မပြေကြလို့၊စပါးပေး၊ပဲပေးယူပြီး တောင်သူလုပ်ရတဲ့သူတွေ တပုံကြီး၊ဒီကရမှ ပြန်ဆပ်ရတာ အခုတော့ အကုန်ဒုက္ခရောက်တာ၊ဆောင်းတွင်းလဲ ဖြစ်တော့ စစ်ရှောင်ရတာ ကလေးနဲ့သက်ကြီးရွယ်အိုတွေအတွက် အအေးဒဏ်ခံရတာမလွယ်ဘူး”ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ၃ ရက်ဆက်တိုက် ကျေးရွာများနှင့် ပြည်သူများအား ပစ်မှတ်ထား၍ စစ်ကြောင်းထိုးမီးရှို့ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်း နှင့် Drone ဗုံးသီးချတိုက်ခိုက်ခြင်းတို့ကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ တကုန်း၊ကုက္ကိုကုန်း၊သံပုရာပင်စု၊မြဘုံသာ၊လွှတ်တိုက်၊မဒေါင်၊ဆွဲလှဲရွာ နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာအပါအဝင် ကျေးရွာ ၈ ရွာမှ  ပြည်သူ ၈ဝဝဝကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့မနက်တွင် ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၌ စစ်ကောင်စီတပ်များမှ Drone ဖြင့်ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ဘုန်းကြီး ၁ ပါးပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ဝဦး ရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှထုတ်ပြန်သည်။ 

BAGAN NEWS 


Comments