Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အထက်မင်းလှမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက် ၁၅ ဦးသေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းမကြီးအပိုင်းရွှေချောင်းကျေးရွာနှင့် ရှမ်းတပ်ကြီးကျေးရွာအကြားတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ပြီး တပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှထုတ်ပြန်သည်။

ယမန်နေ့၊ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် စစ်ကောင်စီတပ်  ခမရ ၈၈၊ ကပစ (၂) ကပစ(၁ဝ) ပူပေါင်း တပ်ဖွဲ.နှင့်အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ အကြား စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Photo - အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ။

မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကြိုတင်လက်ဦးမှုရရှိခဲ့ပြီး ဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ(၅)ဦးထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ဝ ရက်နေ့ကလည်း ပုသိမ်-မုံရွာလမ်းမကြီးအပိုင်းရွှေချောင်းကျေးရွာနှင့် ရှမ်းတပ်ကြီးကျေးရွာအကြားတွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ(၁ဝ)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများခဲ့ကြောင်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှထုတ်ပြန်သည်။

၂ဝ၂၄ ခုနှစ် အောက်တိုဘာလအတွင်းတွင် မလွန်တပ်နယ် ကပစ၂ (ကာကွယ်ရေးပစ္စည်းစက်ရုံ)နှင့် ကုန်းကြီး ကပစ(၁ဝ) မှ အင်အား ၁ဝဝ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းသည် အထက်မင်းလှမြို့နယ် နှင့် ရခိုင်ပြည်နယ်၊အမ်းမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းများ၊ပုသိမ်-မုံရွာလမ်းပိုင်းတို့ကို လာရောက်ပိတ်ဆို့ခဲ့သည်။

ဌင်းစစ်ကြောင်းအား အောက်တိုဘာလ ၃ဝ ရက်နေ့ တွင် ပဒေသာမိုင်းများ၊ဆွဲမိုင်းများဖြင့်တိုက်ခိုက်ခဲ့ပြီး သေဆုံး၊ထိခိုက်ဒါဏ်ရာရရှိမှုများပြားခဲ့ကြောင်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှထုတ်ပြန်သည်။

ထို့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့၊နံနက်တွင် စစ်ကောင်စီစစ်ကြောင်းသည် ဖမ်းဆီးထားသည့် ပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးပြုကာ ပုသိမ်-မုံရွာလမ်းမကြီးတလျှောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

ထိုစစ်ကြောင်းသည် အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့  ယာယီစခန်းငယ်ရှိရာမိုင်းကွင်းထဲသို့ထပ်မံ ရောက်ရှိလာသည့်အတွက် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့်ဒဏ်ရာရသူများကို ကားဖြင့်သယ်ဆောင်သွားကြောင်း သိရသည်။

အထက်မင်းလှမြို့၌ စစ်ရေးတင်းမာမှုများရှိနေပြီး လက်နက်၊ခဲယမ်းရိက္ခာလိုအပ် ချက်များ ရှိကြောင်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှထုတ်ပြန်သည်။

BAGAN NEWS 


Comments