Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

လားရှိုးမြို့နယ် စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် လျင်ဟိုဒေသအတွင်းရှိ သံလွင်မြို့နယ်နှင့် နမ့်ပေါင် မြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ် MNDAA မှသတင်းထုတ်ပြန်သည်။ 

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၃ဝ မိနစ်အချိန်တွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ဗုံးလေးလုံး ကြဲချခဲ့ပြီး သံလွင်မြို့နယ်ရှိ ဂွိုယုကျောင်းနှင့် နမ့်ပေါင်မြို့နယ်ရှိ မြန်မာအထက်တန်းကျောင်းတို့ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

Photo - MNDAA 

ထို့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း MNDAA မှသတင်းထုတ်ပြန်သည်။ 

ဌင်း ဒဏ်ရာရသူ ၃ ဦးသည် မိသားစုဝင်များဖြစ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်မှာမျက်နှာနှင့်ညာဘက်ဝမ်းဗိုက်၊ပေါင်ထိပ်နားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကလေး၏ မိခင်ဖြစ်သူမှာ ခြေထောက်နှင့်ခေါင်းတွင်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ဖခင်ဖြစ်သူမှာ ဦးခေါင်းဒဏ်ရာကပြင်းထန်သောကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့မှ ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်သည် လားရှိုးမြို့ ရပ်ကွက် ၁၂ ဟိုင်းဂါကျေးရွာနှင့် မယ်ဟန်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ဌင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ခြေ အများအပြား နှင့်အဆောက်အအုံများ၊ ယာဉ်များ ပျက်စီးခဲ့သည်။

Bagan News Agency 


Comments