Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဖာပွန် မထော စခန်းမှထွက်ပြေးသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက် ၁ဝ ဦးသေဆုံး

ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခမရ-၄၀၄/၄၀၇/၄၀၈ စခန်းများအား နိုဝင်ဘာလ ၂၂နေ့၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်မဟာ/မဟာမိတ်စစ်သည်တော်များမှ အပြီးသတ်တိုက်ခိုက်ရှင်းလင်းချေမှုန်းခဲ့သည်။

ဌင်းစခန်းများမှ  ကစယ်သဲဖလယ်(တောင်းသုံးလုံး)နှင့်ထွီသီးအူ(ခွေးသေ)သို့တပ်ဆုတ်ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ရာ ၁ဝ ဦးထပ်မံသေဆုံးခဲ့ကြောင်း KNLA မှသိရသည်။

ဓါတ်ပုံ − KNLA

ဌင်းပြင် စစ်ကောင်စီတပ်သား ၂ဝ ခန့်အား ကစဉ့်ကလျားသုတ်ခြေတင်ထမ်းပိုးသယ်ဆောင်သွားကြကြောင်း သိရသည်။ 

အထက်ပါတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်များထံမှ RPG-7 တလက်နှင့် ၎င်းကျည်ဖူး (၃၈)လုံး၊ ၈၁ မမတလက်နှင့် ၎င်းကျည်သီး(၆)လုံး၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီးစက်လတ်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀မမပြောင်းတို(၂)လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး(၃)လုံး၊ ၆၀မမကျည်(၁၂၃)လုံး၊ G-3ကျည်(၆၀၀၀)တောင့်၊ ဟွန်ဒါမီးစက်တလုံး၊ ခွင်းဗုံး(၅၃)လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတလုံးနှင့်  စားသုံးဆီ(၂)ပုလင်း အသီးသီးသိမ်းဆည်းရမိခဲ့ကြာင်း KNU-Mutraw News မှထုတ်ပြန်သည်။ 

Bagan News Agency 


Comments