Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဟင်္သာတအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦးကို လူမဆန်စွာ ရိုက်နှက်

ဧရာဝတီတိုင်း ဟင်္သာတအကျဉ်းထောင်ရှိ အဆောင်(၄)တွင် အကျဉ်းဦးစီးဝန်ထမ်း အောင်ကျော်မြင့်မှ အရက်မူးပြီး နိုင်ငံရေးအကျဉ်းသား(၁)ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်တွင် နိုင်ငံရေးအကျဉ်းသားများအား အခန်းအဆောင်များအတွင်း ပိတ်ထားချိန်တွင် ထောင်ဝန်ထမ်း အောင်ကျော်မြင့်သည် နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်၏ နာမည်ကိုခေါ် ကာ ဘာယာတန်း (အခန်းအပြင်သို့ လက်သာထုတ်လို့ရအောင် ပြုလုပ်ထားသည့် တိုင်အတန်းများ) အပြင်ဘက်ကို လက်ထုတ်ခိုင်းပြီးနောက် အကြောင်းပြချက်မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - PPNM

ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်‌ဇော်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သဖြင့် ပုဒ်မ ၅၀ည ၊၅၁(က)တို့ဖြင့် ဟင်္သာတအကျဉ်းထောင်တွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသူတဦး ဖြစ်သည်။

အဆိုပါ ထောင်ဝန်ထမ်းအောင်ကျော်မြင့်သည် အရက်မူးလာချိန်တိုင်း နိုင်ငံရေးအကျဉ်းသားများကို မကြာခဏရိုက်နှက်နေသူဖြစ်ကြောင်းလည်း PPNM မှ သိရသည်။

ထိုသို့ ဥပဒေမဲ့စွာပြုလုပ်နေသော ထောင်ဝန်ထမ်း အောင်ကျော်မြင့်ကို ‌‌‌‌‌‌‌‌‌‌‌သက်ဆိုင်ရာ ထောင်ပိုင်မှ တားဆီးခြင်း အရေးယူခြင်း မရှိသည့်အပြင် ထောင်ပိုင် သန်းဇော်ထွေး သည်လည်း ယင်းဝန်ထမ်းနှင့် အရက်သောက်ဖော်များဖြစ်ကာ ထောင်ပိုင်ကိုယ်တိုင်အမိန့်ပေး စေခိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိကာလများတွင် အကျဉ်းထောင်၊အချုပ်ထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် အချိန်မရွေး ခေါ်ထုတ်သတ်ဖြတ်ခံရမည့် အန္တရာယ်များကို ရင်ဆိုင်နေကြရကြောင်း PPNM မှထုတ်ပြန်သည်။

Bagan News Agency 




Comments