Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဟင်္သာတအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦးကို လူမဆန်စွာ ရိုက်နှက်

ဧရာဝတီတိုင်း ဟင်္သာတအကျဉ်းထောင်ရှိ အဆောင်(၄)တွင် အကျဉ်းဦးစီးဝန်ထမ်း အောင်ကျော်မြင့်မှ အရက်မူးပြီး နိုင်ငံရေးအကျဉ်းသား(၁)ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်တွင် နိုင်ငံရေးအကျဉ်းသားများအား အခန်းအဆောင်များအတွင်း ပိတ်ထားချိန်တွင် ထောင်ဝန်ထမ်း အောင်ကျော်မြင့်သည် နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်၏ နာမည်ကိုခေါ် ကာ ဘာယာတန်း (အခန်းအပြင်သို့ လက်သာထုတ်လို့ရအောင် ပြုလုပ်ထားသည့် တိုင်အတန်းများ) အပြင်ဘက်ကို လက်ထုတ်ခိုင်းပြီးနောက် အကြောင်းပြချက်မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - PPNM

ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်‌ဇော်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သဖြင့် ပုဒ်မ ၅၀ည ၊၅၁(က)တို့ဖြင့် ဟင်္သာတအကျဉ်းထောင်တွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသူတဦး ဖြစ်သည်။

အဆိုပါ ထောင်ဝန်ထမ်းအောင်ကျော်မြင့်သည် အရက်မူးလာချိန်တိုင်း နိုင်ငံရေးအကျဉ်းသားများကို မကြာခဏရိုက်နှက်နေသူဖြစ်ကြောင်းလည်း PPNM မှ သိရသည်။

ထိုသို့ ဥပဒေမဲ့စွာပြုလုပ်နေသော ထောင်ဝန်ထမ်း အောင်ကျော်မြင့်ကို ‌‌‌‌‌‌‌‌‌‌‌သက်ဆိုင်ရာ ထောင်ပိုင်မှ တားဆီးခြင်း အရေးယူခြင်း မရှိသည့်အပြင် ထောင်ပိုင် သန်းဇော်ထွေး သည်လည်း ယင်းဝန်ထမ်းနှင့် အရက်သောက်ဖော်များဖြစ်ကာ ထောင်ပိုင်ကိုယ်တိုင်အမိန့်ပေး စေခိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိကာလများတွင် အကျဉ်းထောင်၊အချုပ်ထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် အချိန်မရွေး ခေါ်ထုတ်သတ်ဖြတ်ခံရမည့် အန္တရာယ်များကို ရင်ဆိုင်နေကြရကြောင်း PPNM မှထုတ်ပြန်သည်။

Bagan News Agency 




Comments