ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
မွန်ပြည်နယ်ရှိ အမြောက်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်မှ (၈) ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD မှထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့အဝင်ရှိ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး အရာရှိ(၂)ဦးအပါအဝင် စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရှိခဲ့ကြောင်း ဖော်ပြသည်။
အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမတ (၃၁၈)တပ်ကို ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ(၅)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD မှထုတ်ပြန်သည်။

Comments
Post a Comment