Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ငဖဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက် တပ်ကြပ်ကြီး အပါ ၉ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ပြီး  တပ်ကြပ်ကြီး အပါအဝင် တပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ ယနေ့ထုတ်ပြန်သည်။

ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ အင်အား ၄ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား  လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ နိုဝင်ဘာ ၂ဝ ရက်၊ ညနေ ၄ နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Photo - PRA-Magway

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်းမြင်တွေ့ခဲ့ရပြီး ၁ဝ ဦးခန့် ဒဏ်ရာရရှိကြောင်း PRA-Magway မှထုတ်ပြန်သည်။

အဆိုပါ စစ်ကြောင်းသည် မစခ ၉ဝ၅ လက်အောက်ခံ တပ်များနှင့် ပေါ်တာဆွဲခံရသည့် သင်တန်းဆင်းတပ်ဖွဲ့ဝင်များပူးပေါင်းထားသည့်စစ်ကြောင်းဖြစ်ကြောင်းသိရသည်။

ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးသည် ချမှတ်ထားသောစစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီး ၎င်းမှတဆင့် ကျယ်ပြန့်သောစစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု(PRA-Magway)မှ ထုတ်ပြန်သည်။


ပြီးခဲ့သည့် နိုဝင်ဘာ (၅)ရက်တွင်လည်း ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် (၁၁)တို့ရှိ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို PRA-Magway ၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်း တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁ဝ) ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကိုလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားခဲ့ကြောင်း PRA-Magway မှထုတ်ပြန်သည်။

BAGAN NEWS 


Comments