Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ငဖဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက် တပ်ကြပ်ကြီး အပါ ၉ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ပြီး  တပ်ကြပ်ကြီး အပါအဝင် တပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ ယနေ့ထုတ်ပြန်သည်။

ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ အင်အား ၄ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား  လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ နိုဝင်ဘာ ၂ဝ ရက်၊ ညနေ ၄ နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Photo - PRA-Magway

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်းမြင်တွေ့ခဲ့ရပြီး ၁ဝ ဦးခန့် ဒဏ်ရာရရှိကြောင်း PRA-Magway မှထုတ်ပြန်သည်။

အဆိုပါ စစ်ကြောင်းသည် မစခ ၉ဝ၅ လက်အောက်ခံ တပ်များနှင့် ပေါ်တာဆွဲခံရသည့် သင်တန်းဆင်းတပ်ဖွဲ့ဝင်များပူးပေါင်းထားသည့်စစ်ကြောင်းဖြစ်ကြောင်းသိရသည်။

ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးသည် ချမှတ်ထားသောစစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီး ၎င်းမှတဆင့် ကျယ်ပြန့်သောစစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု(PRA-Magway)မှ ထုတ်ပြန်သည်။


ပြီးခဲ့သည့် နိုဝင်ဘာ (၅)ရက်တွင်လည်း ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် (၁၁)တို့ရှိ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို PRA-Magway ၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်း တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁ဝ) ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကိုလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားခဲ့ကြောင်း PRA-Magway မှထုတ်ပြန်သည်။

BAGAN NEWS 


Comments