Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မူဆယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ သယ်ယူခွင့် ကန့်သတ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် စစ်ကောင်စီတပ်မှ ဒေသခံများ၏ အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီသယ်ယူခွင့်တိုအား နိုဝင်ဘာ(၂၈)နေ့မှ စ၍ ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ဒေသခံများမှသိရသည်။

စစ်ကောင်စီတပ်၏ ဒေသအာဏာပိုင်ဖြစ်သည့် ကုန်လမ်းပိုဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ၎င်းတိုထံ မှတ်ပုံတင်ထားသည့် မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဉ်နှင့်ကုန်တင်ယာဉ်များအား နိုင်ငံဖြတ်ကျော်ခွင့်စာအုပ်(Baordar Pass)ပြုလုပ်ကာ သတ်မှတ်ထားသည့် ကုန်စည်များအား အရေအတွက်ဖြင့်သာ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က မူဆယ်ဒေသအတွင်းသို ဒေသခံများက  တရုတ်ပြည် ရွှေလီ၊ ဂျယ်ဂေါင်မြိုတိုမှတဆင့် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များအား အနည်းငယ်သာ သယ်ယူတင်သွင်းခွင့်ပြုထားရာမှ လက်ရှိတွင် ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် မီးဖိုချောင်သုံးအသီးအနှံ၊ အသား၊ငါးများအပါအဝင် ကုန်စည်ဈေးနှုန်းများ အဆမတန် မြှင့်တက်သွားနိုင်ကြောင်း TNLA ကထုတ်ပြန်သည်။

စက်သုံးဆီပါ လုံလောက်မှုမရှိနိုင်သည့် အခြေအနေသို ရောက်ရှိနိုင်သောကြောင့် ဒေသခံများမှ သိရသည်။

Bagan News 

Comments