Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အမ်း-ပဒါန်း လမ်းတွင် စစ်ကြောင်းကို တိုက်ခိုက် စစ်သား ၂ ဦးသေပြီး သုံ့ပန်း ၁၄ ဦးဖမ်းမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတနေရာတွင်  စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး တပ်သား ၂ ဦးသေဆုံးကာ စစ်သုံ့ပန်း ၁၄ ဦးဖမ်းမိခဲ့သည်။ 

ဌင်းပြင် လက်နက်ငယ် (၂) လက် နှင့် ခဲယမ်း များအား တိုက်ပွဲတွင် သိမ်းဆည်းရရှိခဲ့သည် ။ 

Photo - Student Armed Force

နိုဝင်ဘာ (၂၃) ရက်နေ့တွင် အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် (ကြည်း ၅၆၁၇၈)   ဦးစီးသော  စစ်ကြောင်းကို  ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အမ်း-ပဒါန်း လမ်းတနေရာတွင် စောင့်ကြို ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီစစ်ကြောင်းသည်  တိုက်ပွဲတွင်း၌ ဖွဲစည်းပုံပျက်ကာ  တကွဲတပြားစီ ထွက်ပြေးလျက်ရှိခြင်းကြောင့်  နယ်မြေရှင်းလင်းလျက်ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှထုတ်ပြန်သည်။ 

ဌင်းတိုက်ပွဲတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ အရှိချင်းကာကွယ်ရေးတပ်ဖွဲ (ACDF)၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီး ရမိထားသည့် စစ်သုံပန်းများအား စစ်သုံပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်သည်။ 

Bagan News Agency 


Comments