Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲကို ဒရုန်းများဖြင့် တိုက်ခိုက် ရဲနှင့်စစ်သား အချို့ထိခိုက်သေဆုံး

နေပြည်တော် MICC2 ၌ အောက်တိုဘာလ ၂၅ ရက်ကကျင်းပခဲ့သည့် စစ်အုပ်စု ကြည်း၊ရေ၊လေညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေး၏သားဖြစ်သူ မင်္ဂလာဧည့်ခံပွဲအား ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှထုတ်ပြန်သည်။ 

စစ်အုပ်စု ခေါင်းဆောင်များတက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - Shar Htoo Waw

ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။ 

ထို့ပြင် အခမ်းအနားတက်ရောက်လာကြသော စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone အဖွဲ့နှင့် နေပြည်တော်စစ်တိုင်းဌာနတို့သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်ထွက်ခွာချိန် နေပြည်တော်လေဆိပ်သို့ Fixed wing အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် ဗိုလ်မှုး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်သား ၂ ဦး၊ လေဆိပ်လုံခြုံရေး ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Bagan News Agency




Comments