Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း ဆင်းပွဲကျင်းပ

 ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ဌင်းတပ်ဖွဲ့မှထုတ်ပြန်သည်။

အခြေခံစစ်သင်တန်း အပတ်စဉ် (၂/၂၀၂၄) ကို (၂၂.၈.၂၀၂၄) ရက်နေ့မှ စတင်လေ့ကျင့်ခဲ့သော်လည်း စစ်ကောင်စီ စစ်ကြောင်းများထိုး၍ နယ်မြေမတည်ငြိမ်မှုများကြောင့် သင်တန်းရပ်နားခဲ့ပြီး အခက်အခဲမျိုးစုံကြား သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှသိရသည်။






အခမ်းအနားတွင် သင်တန်းဆင်း ရဲဘော်များက ချီတက်အလေးပြုခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း ၊သစ္စာ အဓိဌာန်ဆိုခြင်း နှင့် သင်တန်းဆင်း ရဲဘော်များအား သစ္စာရေ တိုက်ခြင်း နှင့် ရန်ကုန်တိုင်းပကဖ တာဝန်ခံ ကိုနောင်ရိုးမှ ပေးပို့လာသည့် သဝဏ်လွှာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ABSDF အပါအဝင် ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများ ၊ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)

Bagan News 


Comments