Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက် ကိုရင် ၁ ပါး နှင့် အမျိုးသမီးငယ် ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ လက္ကောင်းကြီးကျေးရွာအုပ်စု ၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံအား ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်(၉:၁၅)အချိန်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ စစ်ကောင်စီမှ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်သောကြောင့် ကိုရင်(၁)ပါး နှင့် အမျိုးသမီးငယ်(၂)ဦး အသက်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှထုတ်ပြန်သည်။ 

မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တိုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတို့အကြား တို့က်ပွဲများ ဖြစ်ပွါးလျက်ရှိသည်။ 


စစ်ကောင်စီသည် ၎င်းတို လက်လွှတ်ခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိပြီး ပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ထုတ်ပြန်သည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်  ထိခိုက်ပျက်စီးခဲ့သည့်လက္ကောင်းကြီးရွာသစ် ဓမ္မာရုံ။

Bagan News Agency 

Comments