Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဖာပွန်ခရိုင် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၇၇ ဦးသေဆုံး

ကရင်ပြည်နယ် ဖာပွန်ခရိုင်(မူတြော်) တွင်ဖြစ်ပွားခဲ့သည့်  တိုက်ပွဲများတွင်စစ်ကောင်စီဘက်က တပ်ရင်းမှူး (၁)ဦး၊ ဒု-တပ်ရင်းမှုး (၁)ဦးအပါအဝင် စုစုပေါင်း (၇၇)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော်ခရိုင်မှထုတ်ပြန်သည်။ 


ယခုလ နိုဝင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ရေစုစုပေါင်း (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ဌင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ဌင်းတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊(KNLA) အမှတ် (၅)တပ်မဟာ  နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှလည်း (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် အမှတ် (၅)တပ်မဟာလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ဘက်မှ စစ်ကောင်စီတပ်၏ မော်တော်ယာဉ်တစီးဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်နေ့တွင်လည်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်စစ်သည်တော်များပူးပေါင်းကာ စစ်ကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းအားအလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။

ကူးဆိပ်တံတားလုံခြုံရေးစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ(၈)ဦးသေဆုံးခဲ့ပြီး RPG-7(၂)လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာ(၃)ခုနှင့် မောင်းပြန်ရိုင်ဖယ်ကျည်တောင့်(၂ဝဝဝ)ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မူတြော်ခရိုင်မှထုတ်ပြန်သည်။

ဓာတ်ပုံ - KNLA-အမှတ်(၅)တပ်မဟာနှင့်ပူးပေါင်းစစ်သည်တော်များနှင့် စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ။

Bagan News

Facebook https://www.facebook.com/Bagannewstv 

Website https://bagannews.com/

Youtube https://www.youtube.com/@BaganNews/videos

Telegram https://t.me/bagannews

Blog  https://bagan24news.blogspot.com/



Comments