Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဖာပွန်ခရိုင် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၇၇ ဦးသေဆုံး

ကရင်ပြည်နယ် ဖာပွန်ခရိုင်(မူတြော်) တွင်ဖြစ်ပွားခဲ့သည့်  တိုက်ပွဲများတွင်စစ်ကောင်စီဘက်က တပ်ရင်းမှူး (၁)ဦး၊ ဒု-တပ်ရင်းမှုး (၁)ဦးအပါအဝင် စုစုပေါင်း (၇၇)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော်ခရိုင်မှထုတ်ပြန်သည်။ 


ယခုလ နိုဝင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ရေစုစုပေါင်း (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ဌင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ဌင်းတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊(KNLA) အမှတ် (၅)တပ်မဟာ  နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှလည်း (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် အမှတ် (၅)တပ်မဟာလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ဘက်မှ စစ်ကောင်စီတပ်၏ မော်တော်ယာဉ်တစီးဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်နေ့တွင်လည်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်စစ်သည်တော်များပူးပေါင်းကာ စစ်ကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းအားအလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။

ကူးဆိပ်တံတားလုံခြုံရေးစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ(၈)ဦးသေဆုံးခဲ့ပြီး RPG-7(၂)လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာ(၃)ခုနှင့် မောင်းပြန်ရိုင်ဖယ်ကျည်တောင့်(၂ဝဝဝ)ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မူတြော်ခရိုင်မှထုတ်ပြန်သည်။

ဓာတ်ပုံ - KNLA-အမှတ်(၅)တပ်မဟာနှင့်ပူးပေါင်းစစ်သည်တော်များနှင့် စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ။

Bagan News

Facebook https://www.facebook.com/Bagannewstv 

Website https://bagannews.com/

Youtube https://www.youtube.com/@BaganNews/videos

Telegram https://t.me/bagannews

Blog  https://bagan24news.blogspot.com/



Comments