Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ချင်းမိုင်တွင် တရုတ် အွန်လိုင်းရာဇဝတ်ဂိုဏ်းနှင့်ပတ်သက်မှုဖြင့် ထိုင်းအမျိုးသမီးကိုဖမ်းဆီး

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် အွန်လိုင်းရာဇဝတ်မှုကျုးလွန်သည့် တရုတ်လူမျိုးများအား ကွန်ဒိုငှားရမ်းပေးခဲ့သည့် ထိုင်းအမျိုးသမီး တဦးကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)က ဖမ်းဆီးခဲ့ကြောင်း Thai Enquirer သတင်းတွင်ဖော်ပြသည်။ 

ဌင်းကွန်ဒိုအတွင်းနှင့်ဆက်စပ် နေရာ ၁ဝ ခုတွင် တရုတ်လူမျိုးများအား တရာမဝင် Sim Box စက်ပေါင်း ၆၄၂ လုံး တပ်ဆင်ရန် ငှားရမ်းထားခဲ့မှုအတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဌင်းသတင်းက ရေးသားသည်။

Photo - Thai Enquirer

CIB တာဝန်ရှိသူက သံသယရှိသူ ထိုင်းအမျိုးသမီးသည် ချင်းမိုင်တွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က အိမ်ခန်း ၁၁ ခန်း ငှားရမ်းခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း အီလက်ထရွန်းနစ် စက်ပစ္စည်းများနှင့် ပတ်သက်၍ မသိရှိကြောင်းပြောကြားသည်။ 

တရုတ်ရာဇဝတ်ဂိုဏ်းသည် ဌင်းကွန်ဒိုရှိစက်များမှတဆင့်ဖုန်းခေါ်ဆိုမှုစင်တာ လိမ်လည်မှုနှင့် အွန်လိုင်းရာဇဝတ်မှုများအတွက် အသုံးပြုကာ ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိကြောင်း သတင်းတွင်ဖော်ပြသည်။


တရုတ်ရာဇဝတ်ဂိုဏ်းသည် အွန်လိုင်း ရာဇဝတ်ဂိုဏ်းများထံ ရောင်းချသည့် ဆိုရှယ်မီဒီယာအကောင့်အတုများအတွက် OTP ကုဒ်များကို ထုတ်လုပ်ရန် Sim Boxes ကို အသုံးပြုခဲ့ကြောင်း၊ ထို့နောက် OTP ကုဒ်တစ်ခုစီကို ၁ ယွမ် (၅ ဘတ်ဝန်းကျင်) ဖြင့် ရောင်းချပြီး အကောင့်များကို တရားမဝင် လှုပ်ရှားမှုအမျိုးမျိုးအတွက် အသုံးပြုခဲ့ကြောင်း သိရသည်။

ဌင်းပြင် ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ ထောက်လှမ်းမှုကို ရှောင်ရှားရန် ပြုပြင်ထားသော စက်ပစ္စည်းများကိုလည်း အသုံးပြုထားပြီး အကောင့်များကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။

တရုတ်ရာဇဝတ်ဂိုဏ်းနှင့်ပတ်သက်သည့်သံသယရှိသူနှင့် အခြားသူများကို စွဲချက်တင်ထားပြီး ထိုင်းအာဏာပိုင်များက တရုတ်နိုင်ငံသား သံသယရှိသူများကို ခြေရာခံရန် ဆက်လက်လုပ်ဆောင်နေသည်။ 

ဌင်းစစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့က ဆင်းမ်ဘောက်စ် ၆၄၂ လုံး၊ မိုဘိုင်းလ်ဖုန်း ၁၄၅၅ လုံး၊ ဆင်းမ်ကတ် ၅၉၀,၀၀၀၊ ဆင်းမ်ကတ်ဖတ်သူ ၄၇ ဦး၊ ဘဏ်စာရင်းစာအုပ် ၆ စောင်၊ အငှားစာချုပ်များနှင့် အိုင်တီပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

Bagan News Agency 


Comments