Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ တပ်ကြပ်ကြီး ၂ ဦး ရန်ကုန်တိုင်းစစ်ဌာနထံ အလင်းဝင်

စစ်ကောင်စီရေတပ်မှ တပ်ကြပ် ၁ ဦးနှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့မှ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ထုတ်ပြန်သည်။ 

ဌင်းတတပ်ကြပ်နှစ်ဦးသည် ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁ဝ၁ နှင့် ၅၁ဝ၂ သို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ 


ရန်ကုန်တိုင်းစစ်ဌာနမှ လက်နက်မဲ့ အလင်းဝင်လာသော စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်၊ ကိုယ်ပိုင်အမှတ် - ၄၅xxx) နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင်၊ ကိုယ်ပိုင်အမှတ် - တ/၄၅××××) တို့ကို စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင်လည်း ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ စစ်ကောင်စီ ရေတပ်၊ အမှတ်(၂) ဗျူဟာစစ်ရေယာဉ်စု (မော်လမြိုင်)(ဟိန်းဇဲဒေသ) မှ တပ်ကြပ်ညီညီလွင် ကိုယ်ပိုင်အမှတ် (ပည/၁၂-၄၅×××) သည် လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့သည်။ 

ဌင်းနည်းတူ ၂၀၂၄ ခုနှစ်သြဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သား ဝေလင်းထက်၊ ကိုယ်ပိုင်အမှတ် (တ-၅၇၀xxx) နှင့် ခလရ ၁၂(တပ်ရင်း ၃၅၆) မှ တပ်သား ခွန်ကျော်ဦး၊ ကိုယ်ပိုင်အမှတ် (တတ-၁၃၃xxx) တို့ ၂ ဦးသည် ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့သည်။

လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို  လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ထုတ်ပြန်သည်။ 

Photo - ရန်ကုန်တိုင်းစစ်ဌာန

Bagan News

Comments