Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ တပ်ကြပ်ကြီး ၂ ဦး ရန်ကုန်တိုင်းစစ်ဌာနထံ အလင်းဝင်

စစ်ကောင်စီရေတပ်မှ တပ်ကြပ် ၁ ဦးနှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့မှ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ထုတ်ပြန်သည်။ 

ဌင်းတတပ်ကြပ်နှစ်ဦးသည် ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁ဝ၁ နှင့် ၅၁ဝ၂ သို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ 


ရန်ကုန်တိုင်းစစ်ဌာနမှ လက်နက်မဲ့ အလင်းဝင်လာသော စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်၊ ကိုယ်ပိုင်အမှတ် - ၄၅xxx) နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင်၊ ကိုယ်ပိုင်အမှတ် - တ/၄၅××××) တို့ကို စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင်လည်း ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ စစ်ကောင်စီ ရေတပ်၊ အမှတ်(၂) ဗျူဟာစစ်ရေယာဉ်စု (မော်လမြိုင်)(ဟိန်းဇဲဒေသ) မှ တပ်ကြပ်ညီညီလွင် ကိုယ်ပိုင်အမှတ် (ပည/၁၂-၄၅×××) သည် လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့သည်။ 

ဌင်းနည်းတူ ၂၀၂၄ ခုနှစ်သြဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သား ဝေလင်းထက်၊ ကိုယ်ပိုင်အမှတ် (တ-၅၇၀xxx) နှင့် ခလရ ၁၂(တပ်ရင်း ၃၅၆) မှ တပ်သား ခွန်ကျော်ဦး၊ ကိုယ်ပိုင်အမှတ် (တတ-၁၃၃xxx) တို့ ၂ ဦးသည် ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့သည်။

လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို  လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ထုတ်ပြန်သည်။ 

Photo - ရန်ကုန်တိုင်းစစ်ဌာန

Bagan News

Comments