Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

တန့်ယန်းမြို့နယ်တွင် ကျားဖျန်လုပ်ကိုင်သူ ၇၆၂ ဦးကို ဖမ်းမိပြီး တရုတ်ထံ လွှဲပြောင်း

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တန်ယန်းမြို့နယ် အတွင်း ကျားဖျန် (ခေါ်) အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကိုဖမ်းဆီးရရှိခဲ့ပြီး တရုတ်နိုင်ငံ ထံသို့ လွှဲပြောင်းခဲ့ကြောင်း WSTV (Wa State TV) မှနိုဝင်ဘာ လ ၁၉ ရက်နေ့ တွင်ထုတ်ပြန်သည်။ 

ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးနှင့် အတူ ဂြိုလ်တု အင်တာနက် (starlink) ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ဗျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ၊တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်အရ "ဝ" ပြည်နယ် တရားရေးကော်မရှင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တန့်ယန်းမြို့ရှိ ကိုယ်စားလှယ်များက ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၇၆၂ ဦးနှင့်အတူ သက်သေပစ္စည်းများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

Photo - WSTV/Wa News Land

"UWSA လူပ်ရှားတဲ့ တန့်ယန်းနယ်မှာ ၁ဝဝဝ ကျော်ဖမ်းမိပါတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကတရုတ်လူမျိုးပါ။ မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်မှာရှိတဲ့ ဒီယုံးဟော့ နယ်ခြားဂိတ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်" ဟု "ဝ" ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် - UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက "ဝ" လူငယ့်အသံ ကွန်ရက်ကိုပြောကြားသည်။

တန့်ယန်းမြို့အား "ဝ" တပ် - UWSA ထိန်းချုပ်ပြီးနောက် ကျားဖျန်လုပ်ကိုင်များအား ပထမဆုံးအကြိမ်ဖမ်းမိခြင်းဖြစ်သည်။

Bagan News 


Comments