Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နောင်ချိုမြို့တွင် စစ်ကောင်စီ ဗုံးကြဲချမှုကြောင့် ဒေသခံ ၂ ဉီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ဒေသခံ (၂) ဉီးသေဆုံးပြီး (၅) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။ 

နိုဝင်ဘာလ ၂ဝ ရက်နေ့၊ ညနေ (၃)နာရီအချိန်တွင်  စစ်ကောင်စီတပ်မှ ကုန်းကြီးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံးကြဲချရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းထဲရှိ အသက် (၂၃) နှစ်အရွယ်အမျိုးသမီးတစ်ဉီးသေဆုံးကာ အမျိုးသား (၂) ဉီးထိမှန်ဒဏ်ရာရရှိခဲ့သည်။


အလားတူ ညသန်းခေါင်ယံ (၁၂) အချိန်တွင်လည်း  ကံကြီးကျေးရွာတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် ဗုံးလာရောက်ကြဲချရာ ကျေးရွာအတွင်းသို ပေါင် (၅ဝဝ) ဗုံး(၁) လုံး ကျရောက်ပေါက်ကွဲပြီး ‌ဒေသခံ အမျိုးသား (၁)ဉီးထိမှန်သေဆုံးကာ (၃) ဉီးထိမှန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဉ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ(၁) ရက်နေ့မှ (၂၁)ရက်နေ့အထိ ဒေသခံ (၁၇)ဉီး သေဆုံးပြီး (၂၆) ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်၊  လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA မှထုတ်ပြန်သည်။ 

Photo - TNLA

Bagan News




Comments