Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြင်းခြံမြို့နယ် ၇ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ ၃၆ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် နိုဝင်ဘာလ ၁၁ ရက်မှ ၁၈ ရက်အထိ ၇ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ နှစ်ပွင့်ဗိုလ်အပါအဝင် ၃၆ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှထုတ်ပြန်သည်။ 

မြင်းခြံမြို့တောင်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသော Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း (၃) စစ်ရေးလှုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။


စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ၃ ရက်တာကြာမြင့်ခဲ့ပြီး ခဲယမ်းပျက်တောက်မှုကြောင့် ပထမ ခံစစ်စည်းဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရကြောင်း MBT တပ်ဖွဲ့ကထုတ်ပြန်သည်။

အလားတူ ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့ထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဌင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်နှင့် Jet Fighter ဖြင့် (၂) ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်ပြုလုပ်ခဲ့ပြီး မြင်းခြံမြို့ရှိ ခမရ ၁၅ မှလည်း ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူ‌ပေးခဲ့ကြောင်းသိရသည်။

MBT တပ်ဖွဲမှ ရဲဘော်များအနေဖြင့် စစ်ကောင်စီ၏ ကြည်းကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်ခဲ့သော်လည်း ခဲယမ်းပျက်တောက်သွားမှုကြောင့် ဒုတိယခံစစ်စည်းဖြစ်သည့် ခြေဆေးကျေးရွာမှ ဆုတ်ခွာပေးခဲ့ကြောင်းသိရသည်။

ဌင်းနေရာများတွင် (၇)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ နှစ်ပွင့်ဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား (၃၆)ဦးသေဆုံး၊ (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  MBT တပ်ဖွဲ့မှ ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်များသည် ယခုအချိန်ထိ စစ်ကြောင်းထိုးနေပြီး MBT တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှလည်း ပြန်လည်ခုခံကာ စစ်ရေးအခြေအ‌နေတင်းမာနေဆဲဖြစ်ကြောင်း MBT ကထုတ်ပြန်သည်။ 

(၇) ရက်တာ ခုခံစစ် တိုက်ပွဲတွင် Popa Guerilla Force (PGF)၊Bright Star Group (BSG) ၊မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊၇ ၊၈) မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြိုနယ် ပကဖ၊ အမှတ် (၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ (စွန်ရဲပြောက်ကျားတပ်)၊ SPY ပြောက်ကျားတပ်၊ နှလုံးလှ လူမိုက်တပ်ဖွဲတို့မှ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းလည်း MBT တပ်ဖွဲ့မှ ထုတ်ပြန်သည်။

Photo - MBT

Bagan News 

Comments