Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ ၆ ဦး ဒေါနတပ်ရင်းထံအလင်းဝင်

စစ်ကောင်စီတပ်၏ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ ၆ ဦး အလင်းဝင် ရောက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းမှထုတ်ပြန်သည်။ 


အလင်းဝင်ရောက်သောတပ်သားများမှာ တပ်သားဝေဖြိုး (ကိုယ်ပိုင်အမှတ်-ရေ ၅၀၈..၊တပ်သား/၁၄၊ တရက) တပ်သားဖြိုးမင်းအောင် (ပစ-၁၀၆၅..၊ခလရ ၂၇၃) စစ်မှု့ထမ်းအပတ်စဉ်(၂) ၊ တပ်သားကရင်လေး(ပစ-၁၀၆၇..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ်(၂)၊ တပ်သားရဲမင်းမောင်(ပစ-၂၀၂၆..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ် (၁)၊ တပ်သားသန်းတိုးအောင်(ပစ-၁၀၀၈..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ်(၁) ၊တပ်သားဖြူဖွေး (ပစ-၁၀၀၇..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ် (၁) တို့ဖြစ်သည်။ 


အလင်းဝင်တပ်သား(၆)ဦးတွင် (၁)ဦးသည် MA1 (၁)လက် ၊ ကျည်ဘောက် (၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် နှင့်အတူပါဝင်လာကြောင်း ဒေါနတပ်ရင်းမှထုတ်ပြန်သည်။ 

အဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း ဒေါနတပ်ရင်းမှထုတ်ပြန်သည်။ 

Photo - Daw Na Column-P29902

Bagan News

Comments