Skip to main content

Latest News

ဝက်လက် စစ်ဘေးရှောင်တဲကို လေကြောင်းက ပစ်ခတ်လို့ အသက် ၄ နှစ်ကလေးအပါ ၅ ယောက်သေဆုံး

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်တဲတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲချခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။  မနေ့ည ၉ နာရီခွဲခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့  J-Fighter ၂ စီးက ဗုံးသီး အတွဲလိုက်ချ လေကြောင်တိုက်ခဲ့တာကြောင့် ဒေါ်သူဇာနွယ် (အသက် ၃၄ နှစ်) ၊ တွတ်ပီ (အသက်၂၆နှစ်) ၊ ဦးခင်မောင်လွင်(အသက်၇၀) အေးမြတ်သူဇာ အသက်  ၄ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်နှင်းမြလည်းရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ် ၈လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စိုးရိမ်ရတဲ့  ဒဏ်ရာရထားသူတွေရှိနေတယ်လို့ ဒေသခံအဖွဲ့ကပြောပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာသာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ စစ်ဘေးလာရှောင်တဲ့ ရွှေဘိုမြို့နယ် ကုလားမရွာသူ/သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ - Bagan News 

အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ ၆ ဦး ဒေါနတပ်ရင်းထံအလင်းဝင်

စစ်ကောင်စီတပ်၏ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ ၆ ဦး အလင်းဝင် ရောက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းမှထုတ်ပြန်သည်။ 


အလင်းဝင်ရောက်သောတပ်သားများမှာ တပ်သားဝေဖြိုး (ကိုယ်ပိုင်အမှတ်-ရေ ၅၀၈..၊တပ်သား/၁၄၊ တရက) တပ်သားဖြိုးမင်းအောင် (ပစ-၁၀၆၅..၊ခလရ ၂၇၃) စစ်မှု့ထမ်းအပတ်စဉ်(၂) ၊ တပ်သားကရင်လေး(ပစ-၁၀၆၇..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ်(၂)၊ တပ်သားရဲမင်းမောင်(ပစ-၂၀၂၆..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ် (၁)၊ တပ်သားသန်းတိုးအောင်(ပစ-၁၀၀၈..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ်(၁) ၊တပ်သားဖြူဖွေး (ပစ-၁၀၀၇..၊ခလရ၂၇၃)စစ်မှု့ထမ်းအပတ်စဉ် (၁) တို့ဖြစ်သည်။ 


အလင်းဝင်တပ်သား(၆)ဦးတွင် (၁)ဦးသည် MA1 (၁)လက် ၊ ကျည်ဘောက် (၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် နှင့်အတူပါဝင်လာကြောင်း ဒေါနတပ်ရင်းမှထုတ်ပြန်သည်။ 

အဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း ဒေါနတပ်ရင်းမှထုတ်ပြန်သည်။ 

Photo - Daw Na Column-P29902

Bagan News

Comments