Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၆ဝဝဝ နီးပါးရှိလာ

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၅၆) ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှထုတ်ပြန်သည်။ 


ထို့အပြင် အေအေပီပီ ထုတ်ပြန်ချက်အရ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၈၃) ဦးရှိပြီး ထိုအထဲမှ (၂၁၁၂၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

စစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဉ်မှ ပြန်ရောက်သည့် တန်ဆောင်တိုင်ကာလအတွင်း ၎င်း၏လက်ပါးစေ စစ်သားများက နေ့စဉ်နီးပါး လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၁ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု (အေအေပီပီ)မှထုတ်ပြန်သည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ မင်းတပ်မြို့နယ် အစရှိသည့် နေရာများ၌  စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေအဆောက်အဦးများကို ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးကာ အိုးမဲ့အိမ်မဲ့အဖြစ် ဘေးလွတ်ရာရှောင်တိမ်းနေရသည့်အတွက် စားနပ်ရိက္ခာအပါအဝင် ရာသီဥတုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေကြရကြောင်း သိရသည်။

ဌင်းပြင် စစ်ကောင်စီတပ်မှ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်အစောပိုင်း၌ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ် TNLA မှထုတ်ပြန်သည်။ 

Photo - နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သည့်မြင်ကွင်း။

Bagan News 

Website https://bagannews.com/

Youtube https://www.youtube.com/@BaganNews/videos

Telegram https://t.me/bagannews

Blog  https://bagan24news.blogspot.com/

Comments