Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မူးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်အသား ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ မူးမြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အရပ်အသား (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ(၂ဝ)ရက်နေ့ တွင်  နတ်သံကွင်းအခြေစိုက်စစ်ကောင်စီတပ်မှ လက်နက်ကြီး(၁၇)လုံးပစ်ခတ်ခဲ့ရာ ရေလဲကျေးရွာ၊ ရွာကြီးအင်းနှင့်တောင်စုကြား၊သဲကုန်းရွာ၊ အညာစုနှင့်ငနွားဆိပ်ကျေးရွာအကြား၊ ဝက်တူးအနောက်ဘက်များတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


ဓါတ်ပုံ − စစ်ကောင်စီတပ်၏  ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီး မှုများ။(Photo - KNU) 

ဌင်းနေ့တွင်ပင် ကွင်းချောင်းဝ အခြေစိုက် စစ်ကောင်စီတပ်များမှ ဟောင်ဝစ်ဇာ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုကျေးရွာသို့ စစ်ဘေးရှောင်လာသူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ ရွာကြီးအင်း ကျေးရွာနေ ဦးသီလ (၄၅) နှစ် နှင့် နို့ကလော်ကျေးရွာနေ စောနိုင်တင်ထူး (၃၃) ဦးတို့အား ၂ဝ၂၄ ခုနှစ် နိုဝင်လာလ (၂ဝ) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ကျောက်ကြီးရဲစခန်းသို့ ပို့ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ် ခမရ−၃၅၁ နှင့် ခလရ−၆ဝ ပူးပေါင်းတပ်များမှ လက်နက်ကြီး (၂) လုံး ပစ်ခတ် ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်းတွင် (၁) လုံးနှင့် စော်ဘောကုန်း ကျေးရွာတွင် (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

BAGAN NEWS 

Comments