Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မူးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်အသား ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ မူးမြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အရပ်အသား (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ(၂ဝ)ရက်နေ့ တွင်  နတ်သံကွင်းအခြေစိုက်စစ်ကောင်စီတပ်မှ လက်နက်ကြီး(၁၇)လုံးပစ်ခတ်ခဲ့ရာ ရေလဲကျေးရွာ၊ ရွာကြီးအင်းနှင့်တောင်စုကြား၊သဲကုန်းရွာ၊ အညာစုနှင့်ငနွားဆိပ်ကျေးရွာအကြား၊ ဝက်တူးအနောက်ဘက်များတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


ဓါတ်ပုံ − စစ်ကောင်စီတပ်၏  ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီး မှုများ။(Photo - KNU) 

ဌင်းနေ့တွင်ပင် ကွင်းချောင်းဝ အခြေစိုက် စစ်ကောင်စီတပ်များမှ ဟောင်ဝစ်ဇာ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုကျေးရွာသို့ စစ်ဘေးရှောင်လာသူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ ရွာကြီးအင်း ကျေးရွာနေ ဦးသီလ (၄၅) နှစ် နှင့် နို့ကလော်ကျေးရွာနေ စောနိုင်တင်ထူး (၃၃) ဦးတို့အား ၂ဝ၂၄ ခုနှစ် နိုဝင်လာလ (၂ဝ) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ကျောက်ကြီးရဲစခန်းသို့ ပို့ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ် ခမရ−၃၅၁ နှင့် ခလရ−၆ဝ ပူးပေါင်းတပ်များမှ လက်နက်ကြီး (၂) လုံး ပစ်ခတ် ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်းတွင် (၁) လုံးနှင့် စော်ဘောကုန်း ကျေးရွာတွင် (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

BAGAN NEWS 

Comments