Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရေဦးမြို့နယ်ရောက် စစ်ရှောင်များ စားနပ်ရိက္ခာ ဆေးဝါး ခြုံစောင်များ အရေးပေါ်လိုအပ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တွင်စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ရေဦးမြို့နယ်သို့ထွက်ပြေးတိန်းရှောင်လာရသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့်ခြုံစောင်များ အရေးပေါ်လိုအပ် နေကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှသိရသည်။

Photo - ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့ 

ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစကာ ဒီပဲယင်းမြိုပေါ်မှ စစ်ဘေးရှောင်ပြည်သူများ သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြခြင်းဖြစ်သည်။

ယနေ့အချိန်ထိ စစ်ဘေးရှောင်များသည် ရေဦးမြို့နယ်အတွင်း (၃)လကျော်ကြာ တိမ်းရှောင် နေရပြီး  အသက်(၈ဝ)ကျော် အဘိုးအဖွားများနှင့် ကလေးသူငယ်များ ပါဝင်ကြောင်း ဒေသခံများကပြောကြားသည်။ 

ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အတွင်းသို့ အရေးပေါ်တိမ်းရှောင်ရင်းကျန်းမာရေး ချိုတဲ့ကာ အသက်ဆုံးပါးသွားသည့် အသက်(၅၀)ကျော်နှင့် အသက်(၆ဝ)ကျော်အရွယ် စစ်ဘေးရှောင် (၃)ဦးထက်မနည်း ရှိနေကြောင်းသိရသည်။ 

ရေဦးမြို့နယ်အတွင်းတွင် တိမ်းရှောင်နေကြသည့် ဒီပဲယင်းမြိုပေါ်မှ စစ်ဘေးရှောင် အိမ်ထောင်စု (၅၄)စုမှ  လူဦးရေ (၁၇ဝ)ခန့်ရှိပြီး ကာလရှည်တိန်းရှောင်နေရသည့် အတွက် စားနပ်ရိက္ခာ ၊ ဆန်၊ ဆီ၊  ဆေးဝါး၊ ခြုံစောင်များ အရေးပေါ်အကူအညီ လိုအပ်နေ ကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှထုတ်ပြန်သည်။ 

- BAGAN NEWS 


Comments