Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရေဦးမြို့နယ်ရောက် စစ်ရှောင်များ စားနပ်ရိက္ခာ ဆေးဝါး ခြုံစောင်များ အရေးပေါ်လိုအပ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တွင်စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ရေဦးမြို့နယ်သို့ထွက်ပြေးတိန်းရှောင်လာရသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့်ခြုံစောင်များ အရေးပေါ်လိုအပ် နေကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှသိရသည်။

Photo - ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့ 

ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစကာ ဒီပဲယင်းမြိုပေါ်မှ စစ်ဘေးရှောင်ပြည်သူများ သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြခြင်းဖြစ်သည်။

ယနေ့အချိန်ထိ စစ်ဘေးရှောင်များသည် ရေဦးမြို့နယ်အတွင်း (၃)လကျော်ကြာ တိမ်းရှောင် နေရပြီး  အသက်(၈ဝ)ကျော် အဘိုးအဖွားများနှင့် ကလေးသူငယ်များ ပါဝင်ကြောင်း ဒေသခံများကပြောကြားသည်။ 

ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အတွင်းသို့ အရေးပေါ်တိမ်းရှောင်ရင်းကျန်းမာရေး ချိုတဲ့ကာ အသက်ဆုံးပါးသွားသည့် အသက်(၅၀)ကျော်နှင့် အသက်(၆ဝ)ကျော်အရွယ် စစ်ဘေးရှောင် (၃)ဦးထက်မနည်း ရှိနေကြောင်းသိရသည်။ 

ရေဦးမြို့နယ်အတွင်းတွင် တိမ်းရှောင်နေကြသည့် ဒီပဲယင်းမြိုပေါ်မှ စစ်ဘေးရှောင် အိမ်ထောင်စု (၅၄)စုမှ  လူဦးရေ (၁၇ဝ)ခန့်ရှိပြီး ကာလရှည်တိန်းရှောင်နေရသည့် အတွက် စားနပ်ရိက္ခာ ၊ ဆန်၊ ဆီ၊  ဆေးဝါး၊ ခြုံစောင်များ အရေးပေါ်အကူအညီ လိုအပ်နေ ကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှထုတ်ပြန်သည်။ 

- BAGAN NEWS 


Comments